ကမ္ဘာ့ဖလား ပြီးဆုံးချိန်ကတည်းက ဟာဇက်ကို ရီးရဲလ် ချိတ်ဆက်ခဲ့

ရီးရဲလ်မက်ဒရစ်အသင်းက ကမ္ဘာ့ဖလား ပြီးဆုံးချိန်မှာ စတင်ချိတ်ဆက်လာတာကို သိခဲ့ပေမယ့်လည်း ချဲလ်ဆီးအသင်းမှာပဲ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ မက်ဒရစ်ပရိသတ်တွေနဲ့ မိတ်ဆက်ပွဲ အခမ်းအနားမှာ ဟာဇက်က ပြောလိုက်ပါတယ်။ ဟာဇက်ရဲ့ မိတ်ဆက်ပွဲကို ပရိသတ် ၅ ထောင်ကျော် လာရောက်ခဲ့ကြပြီး ရီးရဲလ်မက်ဒရစ်အသင်းကို အခုအချိန်မှာ ရောက်ရှိခဲ့တာဟာ အချိန်ကောင်းတခုဖြစ်ကြောင်း ဟာသနှော ပြောသွားပါတယ်။ ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး တပတ်လုပ်ခ ပေါင် ၄ သိန်း ရမှာဖြစ်သလို ဂန္ထဝင်ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားမှာလည်း ဖြစ်ပါတယ်။ ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်ကတော့ ဟာဇက် အသင်းကို ရောက်လာလို့ ဝမ်းသာကြောင်း၊ သူ့ကိုခေါ်ယူဖို့ဟာ အသင်းရဲ့ အိပ်မက်တခု ဖြစ်တာကြောင့် အကောင်အထည် ဖော်နိုင်ခဲ့ပြီလို့ ပြောလို့ရကြောင်း၊ ပရိသတ်တွေကလည်း ကစားသမားရဲ့နောက်ကနေ အမြဲတမ်း အားပေးနေမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up