Home
အနုပညာ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
June 14, 2019
ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေ အတွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ၀င်ငွေစံချိန်တင် နာမည်ကြီးဟောလိဝုဒ် Men In Black ရုပ်ရှင်ကားတွေရဲ့ လေးကားမြောက် နောက်ဆက်တွဲရုပ်ရှင်အနေနဲ့ ထွက်ရှိလာတဲ့ MIB: International ! Sci-Fi Action Comedy အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကားကိုတော့ Sony Pictures Entertainment ကနေ ဖြန့်ချိလိုက်တာဖြစ်ပြီး အမရိကန်ရုပ်ရှင်ဒါ ရိုက်တာ F. Gary Gary က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ Men In Black နာမည်နဲ့ပဲ Malibu/Marvel Comics တွေကို အခြေခံပြီး ရုပ်ရှင်အနေနဲ့ ရိုက်ကူးပုံဖော်ခဲ့တဲ့ အရင်ရုပ်ရှင်ကား ၃ ကားကိုတော့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Barry Sonnenfeld တယောက်တည်းက ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံးရုပ်ရှင်ကို ၁၉၉၇ ခုနှစ်မှာ ရုံတင်ခဲ့ပြီး Men In Black II ကိုတော့ ၂၀၀၂ ခုနှစ်မှာ ရုံတင်ပြသခဲ့တာပါ။ တတိယမြောက်ရုပ်ရှင် Men In Black 3 ကိုတော့ ရှေ့က ကားနဲ့ ၁၀ နှစ်အကြာ ၂၀၁၂ ခုနှစ်မှာ ရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။ ခုထွက်ရှိလာတဲ့ ရုပ်ရှင်ကားထဲမှာတော့ MIB လန်ဒန် အခြေစိုက်ရုံးခွဲက Agent H နဲ့  Agent M တို့က ကမ္ဘာမြေပေါ်ကို ကျုးကျော်တိုက်ခိုက်နေကြတဲ့ Alien တွေကို နိုင်ငံတွေအနှံ့ လိုက်လံစုံစမ်းပြီး ရှင်းလင်းကြတာတွေကို ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲက အဓိက ဇာတ်ကောင်တွေအနေနဲ့ Agent H နေရာမှာ သြစ တြေးလျ သရုပ်ဆောင်မင်းသား Chris Hemsworth၊ အမေရိကန်သရုပ်ဆောင်မင်းသမီး Tessa Thompson ကတော့ Agent M အဖြစ် ပါဝင်ထားကြတာပါ။ သရုပ်ဆောင်မင်းသမီး Rebecca Ferguson ကတော့  Riza အမည်နဲ့ alien တယောက်နေရာက ပါဝင်ထားပြီး ဗြိတိန်သရုပ်ဆောင် မင်းသမီးကြီး Emma Thompson ကတော့ အမေရိကန် MIB အကြီးအကဲ Agent O အဖြစ် ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ဒီကားကို ဘတ်ဂျက်အမေရိကန်ဒေါ်လာ သန်း ၁၁၀ အကုန်အကျခံ ရိုက်ကူးထားတာဖြစ်ပြီး အမေရိကန်နဲ့ ကနေဒါမှာတော့ ရုံတင်ပြသမယ့် ပထမ သီတင်းပတ်မှာတင် ၀င်ငွေ အမေရိကန်ဒေါ်လာ သန်း ၄၀ ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ အရင်ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကား ၃ ကားလုံးဟာ ၀င်ငွေစံချိန်တင် ရရှိခဲ့ပြီး ပရိသတ် အားပေးမှုတွေ တခဲနက် ရရှိခဲ့တာမို့ ခုထွက်ရှိလာတဲ့ ၄ ကားမြောက် ရုပ်ရှင်ကိုလည်း ပရိ သတ်တွေက စိတ်ဝင်စားနေကြတာပါ။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ယူကျု့ပေါ်မှာ ၀င်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်း ၂၀ ကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၂၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇွန်လ ၁၄ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ Action Crime Comedy အမျိုးအစား ဟောလိဝုဒ်ရုပ်ရှင်ကားတကားဖြစ်တဲ့ Shaft ! ဒီကားကိုတော့ နာမည်ကြီးရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ New Line Cinema နဲ့ Warner Bros. Pictures တို့က ပူးပေါင်းတင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန် ရုပ်ရှင် ထုတ်လုပ်သူနဲ့ ဒါရိုက်တာ Tim Story က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားကတော့ ရုံတင်ဝင်ငွေ စံချိန်တင်ရရှိခဲ့တဲ့ Shaft နာမည်နဲ့ပဲ ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကား Series တွေရဲ့ ၄ ကားမြောက် ရုပ်ရှင်အနေနဲ့ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ အရင်ရုပ်ရှင်ထဲမှာ အလွတ်တန်းကြေးစားစုံထောက် John Shaft II အနေနဲ့ ပါဝင်ခဲ့တဲ့ ဟောလိဝုဒ်နာမည်ကြီး သရုပ်ဆောင်မင်းသား Samuel L. Jackson နဲ့အတူ တခြားသရုပ် ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Jessie Usher၊  Regina Hall နဲ့ Richard Roundtree တို့ကလည်း အတွဲညီညီ ပါဝင်ထားကြတာ ဖြစ်ပါတယ်။ အသားအရောင်၊ လိင်၊ လူမျိုးရေးခွဲခြားမှုမရှိပဲ အမှန်တရားအတွက် ကြမ်းကြမ်း ရမ်းပစ်ခတ်တိုက်ခိုက်မှုတွေနဲ့  Shaft Family ရဲ့ မျိုးဆက် ၃ ဆက်ကို ဒီကားထဲမှာ ပရိ သတ်တွေက ရှုစားကြရမှာပါ။ John Shaft II ရဲ့ သားဖြစ်တဲ့ John Shaft Jr. ဟာ FBI Agent တယောက်ဖြစ်ပြီး သူ့ရဲ့ သူငယ်ချင်းဖြစ်သူဟာ သံသယဖြစ်စရာကောင်းတဲ့ ဖြစ် ရပ်တခုကြောင့် ထူးဆန်းစွာပဲ သေဆုံးခဲ့ချိန်မှာတော့ ဖခင်ဖြစ်သူနဲ့ Shaft မိသားစုအကူ အညီနဲ့ စုံစမ်းဖော်ထုတ်ကြတာတွေကို ဒီကားထဲမှာ ရင်တထိတ်ထိတ်နဲ့ အပစ်အခတ် အက်ရှင်ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ ဇာတ်လမ်းဇာတ်ကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့် တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့ မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ ဘတ်ဂျတ် အမေရိကန်ဒေါ်လာ သန်း ၃၀ အကုန်အကျခံ ရိုက်ကူးထားတာဖြစ်ပြီး ဒီကားကို အမေရိကန်နဲ့ ကနေဒါမှာ ရုံတင်ပြသမယ့် ပထမသီ တင်းပတ်မှာတင် Box Office မှာ ၀င်ငွေ အမေရိကန်ဒေါ်လာသန်း ၂၀ နဲ့ ၂၂ သန်းကြား ရရှိနိုင်မယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၀၅ မိနစ်ရှိတဲ့ ဒီကားကိုတော့ လာမယ့် ဇွန်လ ၁၄ ရက်နေ့မှာ ရုံတင် ပြသသွားမှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ထပ်မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ မြန်မာ အချစ်ဒရာမာရုပ်ရှင်ကားတကားဖြစ်တဲ့ ကောင်းကင်တစ်ခု အလိုရှိသည် ! ဒီကားကိုတော့ ပါဝါကင်းရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး လွန်း ထားထား(ဆေးတက္ကသိုလ်)ရဲ့ ၀တ္ထုကို ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ပုံဖော်ရိုက်ကူး ပေးထားတာပါ။ အချစ်နဲ့ မေတ္တာတရားကြား ပူလောင်မှုနဲ့ အေးချမ်းမှုတွေကို နှို်င်းယှဉ်ရိုက်ကူးပြ ထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ ချစ်သူစုံတွဲတွေကြားမှာ သံသယ၊ ပကာသန၊ အာဃာ တတရားတွေ စွက်လာချိန်မှာ ဘယ်လိုတွေ  ပူလောင်ကြရသလဲ၊ ဘာတွေဆက်ဖြစ်လာ မလဲ ဆိုတာတွေကို လေးပွင့်ဆိုင် အချစ်ဒရာမာ ဇာတ်လမ်းတပုဒ်အနေနဲ့ ပရိသတ်တွေ က ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ခန့်စည်သူ၊ အောင်ရဲလင်း၊ အိချောပိုနဲ့ ပက်ထရစ်ရှာတို့ ခေါင်းဆောင်ပါဝင်ထားကြတာဖြစ်ပြီး တခြား သရုပ်ဆောင်တွေလည်း အားဖြည့် ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ ပြီးခဲ့တဲ့ ၃ နှစ်လောက်ကတည်းက ရိုက်ကူးထားခဲ့တာ ဖြစ်ပြီး အခုနှစ်မှ ရုံတင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ကောင်းကင်တစ်ခု အလိုရှိသည် ရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ အမိုက်စား ဒိုင်ယာလော့ဂ်တွေနဲ့ ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းကျော် ရှိနေခဲ့တာပါ။ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇွန်လ ၁၃ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။ ဒီတခါ ရုပ်ရှင်ချစ် ပရိသတ်တွေကို မိတ်ဆက်ပြောပြပေးချင်တာကတော့ Horror Zombie Comedy အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ The Dead Don’t Die ! ဒီကားကိုတော့ ဟောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Focus Features က တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန်ရုပ်ရှင် ဒါရိုက်တာ Jim Jarmusch က ရိုက်ကူးပုံ ဖော်ပေးထားတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ Ohio ပြည်နယ်ထဲက Centerville မြို့လေးဟာ မငြိမ်သက် မ ငြိမ်းချမ်းနိုင်တော့ပဲ သချိင်္ုင်းထဲက ထွက်လာတဲ့ Zombie တွေကြောင့် အထိတ်တလန့် ကျီးလန့်စာစား ဖြစ်နေကြတဲ့ ကာလတခုကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ ဒါ ဟာ ဘာကြောင့်ဖြစ်ရတာလဲ။ ခုလိုအခြေအနေမှာ မြို့ငယ်လေးက တာဝန်ကျ ရဲအရာရှိ တွေအနေနဲ့ ဒီကိစ္စကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာတွေကို ပရိသတ်တွေက ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဟောလိဝုဒ်နာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Bill Murray၊ Adam Driver၊ Tilda Swinton၊ Chloë Sevigny တို့နဲ့အတူ အဆိုတော် သရုပ်ဆောင်မင်းသမီး Selena Gomez ကလည်း ပါဝင်ထားခဲ့တာ ဖြစ်ပါ တယ်။ ဒီရုပ်ရှင်ကားကို ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က Cannes Film Festival မှာ ကန ဦး ပြသခဲ့တာဖြစ်ပြီး ပရိသတ်တွေကြား စိတ်ဝင်စားမှုတွေ မြင့်တက်ခဲ့တဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ သွေးထွက်သံယိုမြင်ကွင်းတွေ၊ တိုက်ခိုက်မှု ဇာတ်ဝင်ခန်းတွေ၊ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ဟာ ယူကျုဘ်ပေါ်မှာ ၀င်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁၀ သန်းနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၀၃ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇွန်လ ၁၄ ရက်နေ့ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ သိပ်မကြာခင်ကမှ နာမည်ကြီးရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Cannes Film Festival မှာ အမြင့်ဆုံး ဆုဖြစ်တဲ့ Palme d'Or ဆုရရှိထားတဲ့ ကိုရီးယားရုပ်ရှင် Parasite ! ဒီကားကိုတော့ တောင်ကိုရီးယားရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ CJEntertainment က တင်ဆက်လိုက်တာဖြစ်ပြီး ကိုရီးယားရုပ်ရှင် ဒါရိုက်တာ Bong Joon-ho က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ ရှုပ်ထွေးပေပွနေတဲ့ မြေအောက်ခန်းမှာ နေထိုင်ရတဲ့ ကို ရီးယားနိုင်ငံရဲ့ ဆင်းရဲသား မိသားစုတခုက ပေါက်ဖွားလာတဲ့ သားဖြစ်သူက ငွေကြေး ချမ်းသာတဲ့ မိသားစုတစုမှ သမီးဖြစ်သူကို စာသင်ပေးရတဲ့ ဆရာအလုပ်ကို ရရှိခဲ့ပြီးချိန်မှာ မျှော်လင့်မထားတဲ့ အလှည့်အပြောင်းတွေ၊ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ဖန်တီး ထားခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ကိုရီးယားသရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Song Kang-hoe၊ Lee Sun-kyun၊ Cho Yeo-jeong၊ Choi Woo-shik နဲ့ Park So-dam တို့က ခေါင်းဆောင် ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ လတ်တလောပြသနာတခုလိုဖြစ်နေတဲ့ ကမ္ဘာတစ်ဝန်း ချမ်းသာတဲ့ လူတန်းစားနဲ့ ဆင်းရဲတဲ့ လူတန်းစား ၂ စုအကြားက ကြီးမားတဲ့ ကွာဟချက်ကြောင့် ဖြစ်ပေါ်လာတဲ့ တင်းမာမှုတွေကို ဒါရိုက်တာ  Bong Joon-ho က ခိုင်ခိုင်မာမာထုတ်ဖော်ပြသနိုင်ခဲ့တယ် လို့ ရုပ်ရှင်ဝေဖန်ရေးသမားများတွေက ချီးကျူးခဲ့ကြတာပါ။ မနှစ်ကလည်း ဂျပန်ရုပ်ရှင်ကားတကားဖြစ်တဲ့ Shoplifters ရုပ်ရှင်က Palme d'Or ဆုကို ပထမဆုံးရရှိခဲ့ဖူးတာမို့ ခုထပ်ပြီးရရှိတဲ့ ကိုရီးယားရုပ်ရှင် Parasite ဟာ ဒုတိ ယမြောက်ရရှိတဲ့ အာရှရုပ်ရှင်ကားတကား ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ IMDb မှာ Rating 8.7 အထိ ရရှိထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ ဘတ်ဂျတ် အမေ ရိကန်ဒေါ်လာ ၁၂ သန်းနီးပါး အကုန်အကျခံရိုက်ကူးထားတာဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၃၂ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ မေ လ ၃၁ ရက်နေ့ကတည်းက ရုံတင်ပြသနေပြီး Box Office မှာ ၀င်ငွေစံချိန်တင်ရရှိနေတာ မို့ ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၄၅ နာရီ၊ ၁၀.၄၅ နာရီတွေမှာ DVB TV channel ကနေ ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပြီး မ ကြည့်ရှုလိုက်ရသူတွေအတွက် ကြာသပတေးနေ့မနက် ၉.၁၅ နာရီ၊ နေ့လည် ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ သောကြာနေ့ နေ့လယ် ၂.၄၅ နာရီ၊ စနေနေ့ မနက် ၁၁.၄၅ နာရီနဲ့ တနင်္လာနေ့မနက် ၉.၄၅ နာရီတို့မှာ ပြန်လည်ထုတ်လွှင့်ပြသပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကားတွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီးတော့ အားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024