အီရန်နိုင်ငံမှရေနံများ ဆက်ဝယ်ချင်ဟု ဂျပန်ဝန်ကြီးချုပ် ပြော

1.2K
ဂျပန်နိုင်ငံက အီရန်ရဲ့ ရေနံတွေကို ဆက်ဝယ်ချင်တယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ တွေ့ဆုံအပြီး အီရန်သမ္မတ ဟာဆန်ရိုဟာနီက ဇွန်လ ၁၂ ရက်နေ့မှာ ပြောပါတယ်။
လက်ရှိမှာ ဂျပန်နိုင်ငံဟာ အီရန်ဆီက ရေနံဝယ်ယူတာ ရပ်ဆိုင်းထားပေမယ့်လည်း ဒေသတွင်းမှာ မလိုလားတဲ့ ထိပ်တိုက်တွေ့ဆုံတာတွေကို ရှောင်ဖို့ အာရုံစိုက်နေတာပါ။
အီရန်ခရီးစဉ်မှာ ရှင်ဇိုအာဘေးဟာ ၁၉၇၉ အစ္စလာမ္မစ် တော်လှန်ရေး ကာလကတည်းက အီရန်နိုင်ငံကို ပထမဆုံးရောက်လာတဲ့ ဂျပန်ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က အမေရိကန်ဟာ ၂၀၁၅ အီရန်နျူကလီးယား သဘောတူညီချက်ကနေ နုတ်ထွက်အပြီး အီရန်ဆီက ရေနံဝယ်တာ ရပ်ကြဖို့ မဟာမိတ်တွေကို တိုက်တွန်းထားပါတယ်။
မေလက ဂျပန်နိုင်ငံကို ရောက်လာတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်-အီရန် ဆက်ဆံရေးမှာ ရှင်ဇိုအာဘေးရဲ့ အကူအညီကို ကြိုဆိုတယ်လို့ ပြောရင်း အီရန်နဲ့ ဂျပန်ရဲ့ ကောင်းမွန်တဲ့ နှစ်နိုင်ငံဆက်ဆံရေး မီးမောင်းထိုးပြခဲ့ပါတယ်။
ဂျပန်နိုင်ငံဟာ အမေရိကန်ရဲ့ မဟာမိတ်ဖြစ်ပြီး အီရန်နဲ့လည်း ကောင်းမွန်တဲ့ သံတမန်ဆက်ဆံရေး ရှိတာကြောင့် အမေရိကန်နဲ့ အီရန်အကြား ကြားဝင်စေ့စပ်သူ ကဏ္ဍကနေ လှုပ်ရှားနိုင်တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။