ကြံ့ခိုင်ရေးပါတီနှင့် မြောက်ကိုရီးယားသံအမတ်တို့ တွေ့ဆုံဆွေးနွေး
DVB
·
June 13, 2019
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကြီးတို့ တွေ့ဆုံခဲ့တယ်လို့ ကြံ့ခိုင်ရေးပါတီရဲ့ လူမှုကွန်ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။
နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီဌာနချုပ်မှာ ဇွန်လ ၁၂ ရက် မနက် ၁၁ နာရီက တွေ့ဆုံခဲ့တာဖြစ်ပြီး ဆွေးနွေးနွေးတဲ့ အကြောင်းအရာ အသေးစိတ်ကိုတော့ သတင်းမှာ ဖော်ပြထားခြင်းမရှိပါဘူး။
အဆိုပါ တွေ့ဆုံပွဲကို ကြံ့ခိုင်ရေးပါတီဘက်က ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်၊ ဗဟို အလုပ်အမှုဆောင် ဦးလှသိန်းနဲ့ ဗဟိုကော်မတီဝင် ဦးသိန်းထွန်းဦးတို့ တက်ရောက်ခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံဘက်ကတော့ သံအမတ်ကြီး H.E Mr. Jong Ho Bom နဲ့ အဖွဲ့တက်ရောက်ခဲ့ပါတယ်။
ဓာတ်ပုံ- USDP