မြန်မာနိုင်ငံ ရောက်ရှိနေတဲ့ အမေရိကန် သမ္မတ အိုဘားမားဟာ ဒီနေ့ မနက်ပိုင်း သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် နေ့လယ်ပိုင်းမှာ ရွှေတိဂုံစေတီတော် သွားရောက်ဖူးမြော်ခဲ့ပါတယ်။
ဒီနောက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကို နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့ပြီး မြန်မာ့ဒီမိုကရေစီရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ အိုဘားမားက ပြောကြားခဲ့ပါတယ်။ သမ္မတ အိုဘားမားဟာ နေ့လယ် ၂ နာရီ ၄၅ မိနစ် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
Read more