Email This Story :
ချဲလ်ဆီးအသင်းဟာ နည်းပြဟောင်း မော်ရင်ဟိုကို တတိယအကြိမ်မြောက် ပြန်ခန့်အပ်ဖို့ စဉ်းစားနေပါတယ်။
လက်ရှိနည်းပြ ဆာရီဟာ အီတလီထိပ်သီး ဂျူဗင်တပ်အသင်းနဲ့ ချိတ်ဆက်မှုတွေ ရှိနေတာကြောင့် သူထွက်ခွာမယ်ဆိုရင် မော်ရင်ဟိုနဲ့ အစားထိုးဖို့ ပြင်ဆင်ထားတာပါ။
မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက မန်ယူနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီး နောက်ပိုင်း အသင်းလက်မဲ့ ဖြစ်နေပါတယ်။
လာမယ့်ရာသီမှာတော့ နည်းပြလောကကို ပြန်လာမယ်လို့ မော်ရင်ဟိုက ပြောထားပါတယ်။
မော်ရင်ဟိုဟာ ချဲလ်ဆီးအသင်းနဲ့အတူ ၂၀၀၄ ကနေ ၂၀၀၇ ခုနှစ်အထိ တကြိမ်၊ ၂၀၁၃ ကနေ ၂၀၁၅ အထိ တကြိမ် စုစုပေါင်း ၂ ကြိမ် ကိုင်တွယ်ခဲ့ဖူးတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ချဲလ်ဆီးအသင်းက အပြောင်းအရွှေ့ကာလနှစ်ခု ပိတ်သိမ်းခံထားရတာကြောင့် မော်ရင်ဟိုအနေနဲ့ ကစားသမား ဝယ်ယူခွင့်ရမှာ မဟုတ်လို့ အခက်တွေ့နိုင်တယ်လို့ ဆိုပါတယ်။