Home
မြန်မာသတင်း
မောင်တောတွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ သက်​တမ်း ၂ လထပ်​တိုး
DVB
·
June 12, 2019
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ  ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ဇွန်​လ ၁၁ ရက်​​ ည​နေပိုင်းက​ နောက်ထပ် ၂ လ သက်​တမ်းတိုးမြှင့်လိုက်ပါတယ်။ ပြစ်​မှုဆိုင်​ရာကျင့်ထုံး ဥပ​ဒေပုဒ်​မ-၁၄၄ အမိန့်​အမှတ်​ (၈/၂၀၁၉)မောင်​​တောမြို့နယ်​ အုပ်​ချပ်​​ရေးမှူး အမိန့်​နဲ့ ထုတ်ပြန်​လိုက်တာဖြစ်ပါတယ်​။ ညမထွက်ရ အချိန်ကာလမှာ ည ၁၀ နာရီကနေ နောက်တနေ့ မနက် ၅ နာရီအထိ ဖြစ်ပြီး မောင်တောမြို့နယ်အတွင်း လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်(သို့မဟုတ်) အများပြည်သူနဲ့ဆိုင်တဲ့ ဗလီ၊ ကျောင်းနေရာ တွေမှာ ​လူ ၅ဦး ဒါမှမဟုတ် ၅ ဦးထက်ပိုတဲ့လူတွေ စုဝေးခြင်းမပြုလုပ်ဖို့ တားမြစ်ထားပါတယ်။ ဒီအမိန့်ကို နောက်ထပ် ၂ လပြည့်မြောက်တဲ့အထိ အတည်ဖြစ်ကြောင်းလည်း ကြေညာချက်မှာ ထည့်သွင်းထား ပါတယ်​။ မောင်တောမြို့နယ်မှာ ၂၀၁၇ သြဂုတ် ၂၅ ရက်က ဖြစ်ပွားခဲ့တဲ့ ARSA အကြမ်းဖက် အဖွဲ့ရဲ့ အကြမ်းဖက်မှုဖြစ်စဉ်နောက်ပိုင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ၂ လ တကြိမ်ကျစီ သက်တမ်းတိုး ထုတ်ပြန်ထားခဲ့ပါတယ်​။ ​ကျော်​လင်းဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024