
အမေရိကန်သမ္မတ အိုဘားမားဟာ မနက်ဖြန် မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သမ္မတ အိုဘားမားဟာ ရန်ကုန်တက္ကသိုလ်မှာလည်း ကျောင်းသူကျောင်းသားတွေကို မိန့်ခွန်းပြောကြားမယ်လို့ သိရပါတယ်။ သမ္မတ အိုဘားမားရဲ့ ပထမဆုံးအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်အပေါ် စာဖတ်သူတွေရဲ့ အမြင်သဘောထားတွေကို ရေးသားထားခဲ့နိုင်ပါတယ်။