Home
မြန်မာသတင်း
ဒေါက်တာ နန်းမွေစံ ဆေးကုသခွင့် လိုင်စင်ရုပ်သိမ်းခံရ
ပိုင်စိုး
·
June 11, 2019
မြန်မာ့ယဉ်ကျေးမှုနဲ့ မသင့်လျော်တဲ့ ဓာတ်ပုံတွေကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ် တင်တာကြောင့် ဒေါက်တာ နန်းမွေစံရဲ့ အထွေထွေဆေးကုသခွင့် လိုင်စင်ကို ရုပ်သိမ်းလိုက်တယ်လို့ မြန်မာနိုင်ငံ ဆေးကောင်စီက အမိန့်ထုတ်ပြန်ပါတယ်။ ဇွန်လ ၃ ရက်နေ့က ထုတ်လိုက်တဲ့ အဲဒီ အမိန့်ကြော်ငြာစာမှာ ဒေါက်တာ နန်းမွေစံဟာ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနဲ့ မသင့်လျော်တဲ့ ဝတ်စားဆင်ယင်မှုတွေနဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဓာတ်ပုံတွေ ဆက်မတင်ဖို့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်နေ့က ကတိကဝတ် ပြုခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာ ဓာတ်ပုံတွေအပြင် ဗွီဒီယိုတွေကိုပါ ဆက်တင်နေတာကြောင့် မြန်မာနိုင်ငံ ဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဇွန် ၃ ရက်နေ့ကစလို့ အထွေထွေ ဆေးကုသခွင့် လိုင်စင်ကို ပိတ်သိမ်းတယ်လို့ ဆိုပါတယ်။ နန်းမွေစံအနေနဲ့ သူ့ရဲ့ ဆေးကုသခွင့် လိုင်စင်ကို အမိန့်ထုတ်တဲ့ရက်ကနေ တလအတွင်း မြန်မာနိုင်ငံဆေးကောင်စီကို အပ်နှံရမယ်လို့လည်း ဆေးကောင်စီရဲ့ စာမှာ မှတ်ချက်ပြုထားပါ တယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024