အိန္ဒိယတွင် ၈ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်သတ်ဖြတ်သူ ၆ ဦးအား အပြစ်ရှိကြောင်း ဆုံးဖြတ်

အိန္ဒိယနိုင်ငံက ဂျမူးနဲ့ ကက်ရှ်မီးယားပြည်နယ်တွေမှာ ၂၀၁၈ ခုနှစ်က အသက် ၈ နှစ်အရွယ် မွတ်စလင် မိန်းကလေးတယောက် အဓမ္မပြုကျင့် သတ်ဖြတ်ခံရတဲ့အမှုမှာ ပါဝင်ပတ်သက်တဲ့ အမျိုးသား ၆ ယောက်ကို အပြစ်ရှိတယ်လို့ အိန္ဒိယတရားရုံးက ဇွန်လ ၁၀ ရက်နေ့မှာ  စီရင်ချက်ချခဲ့ပါတယ်။ အိန္ဒိယ အာဏာရပါတီအဖွဲ့ဝင် တချို့က အဲဒီအမှုနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကို ဆန့်ကျင်ခဲ့ပြီးနောက် ပါတီအပေါ် ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။ ကက်ရှ်မီးယားတောထဲမှာ လှည့်လည်ကျက်စားကြတဲ့ လူနည်းစု မွတ်စလင် အသိုင်းအဝိုင်းက အဲဒီမိန်းကလေးဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ မေ့ဆေးပေးခံရပြီး ဘုရားကျောင်းတခုမှာ လှောင်ပိတ်ခံထားခဲ့ရပါတယ်။ သူဟာ သီတင်းတပတ်ကြာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရပြီးနောက် လည်ပင်းညှစ်ခံရတဲ့ အပြင် ကျောက်တုံးနဲ့ ထုသတ်ခံခဲ့ရပါတယ်။ မိန်းကလေးငယ်အပေါ် ဒီလိုကျူးလွန်မှုက အဲဒီဒေသမှာ လူနည်းစု မွတ်စလင်တွေကို ဖယ်ရှားရေး အစီအစဉ်ရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ တရားရုံးကိုတင်ပြတဲ့ စွပ်စွဲချက် အစီရင်ခံစာက ဖော်ပြပါတယ်။ တရားစွဲခံထားရသူတွေထဲမှာ ဟိန္ဒူဘာသာရေးဆရာတဦးနဲ့ ရဲအရာရှိတွေလည်း ပါပါတယ်။ ဒါကြောင့် ဒေသတွင်း ဟိန္ဒူနဲ့ မွတ်စလင် လူ့အဖွဲ့အစည်းတွေကြားမှာ အခြေအနေ ပိုတင်းမာအောင် မီးလောင်ရာ လေပင့်သလို ဖြစ်ခဲ့ပါတယ်။ သံသယရှိသူ ၆ ယောက်ထဲက အဓမ္မပြုကျင့်မှုနဲ့ လူသတ်မှုအတွက် ပြစ်မှုထင်ရှားတဲ့ ဟိန္ဒူဘာသာရေးဆရာ အပါအဝင် သုံးယောက်ကို သေဒဏ်ပေးဖို့ အဆိုပြုထားတယ်လို့ အစိုးရရှေ့နေတယောက်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up