ဂျူဗင်တပ်သို့ ပြောင်းရွှေ့ရန် စီရော်နယ်ဒို၏ တိုက်တွန်းမှုကို ဒီလစ် အံ့အားသင့်

ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့လာဖို့ တိုက်တွန်းခဲ့တဲ့ စီရော်နယ်ဒိုကို အံ့အားသင့်မိကြောင်း နယ်သာလန် နောက်ခံလူ ဒီလစ်က ပြောကြားလိုက်ပါတယ်။ စီရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းဟာ နယ်သာလန်အသင်းနဲ့ နေးရှင်းလိဂ် ဗိုလ်လုပွဲမှာ တွေ့ဆုံခဲ့ပြီး ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲအပြီး ကစားသမားတွေနဲ့ နှုတ်ဆက်ချိန်မှာတော့ ဂျူဗင်တပ်အသင်းဆီ ပြောင်းရွှေ့ကစားဖို့ အတွက် စီရော်နယ်ဒိုက ဒီလစ်ကို တိုက်တွန်းသွားခဲ့တာပါ။ စီရော်နယ်ဒိုရဲ့ ဖိတ်ခေါ်စကားအတွက် အနည်းငယ် အံ့အားသင့်မိပြီး အဲဒါကြောင့် ရယ်မောခဲ့တာ ဖြစ်ကြောင်းနဲ့ အစပိုင်းမှာ သူပြောခဲ့တဲ့စကားကို နားမလည်ခဲ့ဘူးလို့လည်း ဒီလစ်က ပြန်ပြောပြခဲ့ပါတယ်။ ဥရောပ ထိပ်တန်းကလပ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဒီလစ်အနေနဲ့ လက်ရှိအချိန်မှာ အားလပ်ရက် အပန်းဖြေဖို့ စီစဉ်မှာဖြစ်ပြီး ပွဲကစားခွင့်ရနိုင်မယ့် အသင်းကို သေချာပေါက် ရွေးချယ်ပြီး ပြောင်းရွှေ့မှာဖြစ်ကြောင်း ဒီလစ်က ပြောကြားသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up