ဇွန်လ ၁၀ ရက်နေ့ ငွေလဲနှုန်းနှင့် ရွှေဈေး

ဇွန်လ ၁၀ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၅၂၇ ဒသမ ၄ ကျပ်၊ ၁ ယူရိုငွေကို ၁၇၂၅ ဒသမ ၄ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၁၁၁၇ ဒသမ ၂ ကျပ်၊ ဂျပန် ယန်း ၁ဝဝ ကို ၁၄၀၆ ဒသမ ၃ ကျပ်၊ တရုတ် ၁ ယွမ်ကို ၂၂၀ ဒသမ ၂၉ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၆၆ ဒသမ ၈၅ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၄၈ ဒသမ ၆၈၂ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။ (ကိုးကား – မြန်မာနိုင်ငံတော်ဗဟိုဘဏ်) ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး ၁ ကျပ်သားကို ရောင်းဈေးကတော့ ၁ဝ၆၇၅ဝဝ ကျပ်၊ ဝယ်ဈေးကတော့ ၁ဝ၆၆ဝဝဝ ကျပ် ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၃၂၇ ဒေါ်လာ ဈေးပေါက်ပါတယ်။ (ကိုးကား - ရွှေစင်အကယ်ဒမီ)

More News
Up