ရီးရဲလ်တိုက်စစ်မှူး ဘေးလ်ကို မန်ယူ အငှားဖြင့်ခေါ်ယူရန် ကြိုးပမ်း

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂါရတ်ဘေးလ်ကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး မတတ်နိုင်တာကြောင့် အငှားစာချုပ်နဲ့ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ ရီးရဲလ်နည်းပြ ဇီဒန်းဟာ ဟာဇက်၊ ယိုဗစ်တို့လို တိုက်စစ်ကစားသမားတွေကို ခေါ်ယူထားတာကြောင့် အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ဘေးလ်ကို ရောင်းချဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ ဂါရတ်ဘေးလ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်း သတ်မှတ်ထားပေမယ့် သူ့ကို ခေါ်ယူလိုနေတဲ့ မန်ယူအသင်းအနေနဲ့ အငှားစာချုပ်နဲ့သာ ခေါ်ယူသွားလိုတယ်လို့ ဆိုပါတယ်။ မေရာသတင်းစာရဲ့ အဆိုအရ စပါးကစားသမားဟောင်း ဘေးလ်ဟာ အသင်းရဲ့ အနာဂတ်အစီအစဉ်မှာ မပါဝင်တော့ဘူးလို့ ဆိုပါတယ်။ ဘေးလ်ကို အသင်းဟောင်း စပါးအသင်းကလည်း မန်ယူအသင်းနဲ့အပြိုင်  ခေါ်ယူလိုပေမယ့် သတ်မှတ်ထားတဲ့ ပေါင် ၇၅ သန်းကိုတော့ ပေးချေနိုင်ခြင်း မရှိတာကြောင့် အခက်တွေ့နေရတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up