Home
မြန်မာသတင်း
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပတ်သက်၍ အကြံပြုရန် ဖိတ်ခေါ်
DVB
·
June 10, 2019
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ပတ်သက်ပြီး အကြံပြု တင်ပြကြဖို့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက ဖိတ်ခေါ်လိုက်ပါတယ်။ ပြည်သူတွေရဲ့အကြံပြု၊ တင်ပြတာတွေကို လက်ခံဖို့အတွက် သီးသန့် ဖုန်း၊ ဖက်စ်နဲ့ အီးမေးလ်လိပ်စာ ဖွင့်လှစ်ထားတာကြောင့် လုံခြုံစိတ်ချစွာ ပေးပို့နိုင်တယ်လို့လည်း ဆိုပါတယ်။ လက်ရှိမှာ ထွေအုပ်ဝန်ထမ်းတွေ၊ ထွေအုပ်ဝန်ထမ်းဟောင်းတွေနဲ့ အကြံပေးပညာရှင်တွေ ဆွေးနွေးပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြုပြင်ပြောင်းလဲ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ကနေ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနလက်အောက်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာ ရွှေ့ပြောင်းခဲ့တာ ဖြစ်ပါတယ်။ အကြံပြုတင်ပြချင်တာတွေကို ဖုန်း ၀၆၇ ၅၉၀ ၅၇၈၊ စာနဲ့ ပေးပို့ဖို့အတွက်ဆိုရင် ဖက်စ် ၀၆၇ ၅၉၀ ၅၇၇ နဲ့ အီးမေးလ် [email protected] ကို ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024