DVB

Eng
TV News
  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရှ​ဒေသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
DVB

Lead Story ရင်ဖွင့်စာ

ရင္ဖြင့္စာ

  • By DVB
  • 9 June 2019
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

သံတွဲမြို့ ကင်းမော်ရွာက လောင်းကစားဒိုင်များ အရေးယူပေးပါ

ကျနော်က ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ကင်းမော်ရွာကပါ။ ကျနော်တို့ရွာမှာ အိမ်ခြေ ၆၀၀ ကျော်ရှိပြီး လူဦးရေ ၂၀၀၀ ကျော်နေထိုင်ပါတယ်။ အထက်တန်းကျောင်း၊ ဆေးခန်း၊ ကမ်းရိုးတန်းသွား သင်္ဘောဆိပ်ရှိပြီး ပတ်ဝန်းကျင်ရွာတွေ ဝိုင်းထားတာမို့ အတော်ကိုစည်ပင်ပါတယ်။

ဒီဗွီဘီ ရေ၊ ရွာကို သရိုပ်ပျက်စေတာကတော့ ၁၀ စုနှစ်ကျော် လောင်းကစားလုပ်နေတဲ့ ၂ လုံး ၃ လုံး ဒိုင်တွေကြောင့်ပါပဲ။ တဆိုင်ဆိုရင် မနက်ခင်း  ဈေးမှာ ရောင်းပါတယ်။ အထက ကျောင်းနားက ဒိုင်ကိုလည်း တွေ့မြင်နိင်ပါတယ်။ သက်ဆိုင်ရာ ရဲကင်းရှိလည်း ဟန့်တာမတွေ့ရပါ။ ကျေးရွာ အာဏာပိုင်တွှေလည်း မဟန့်ပါ။ နောက်တဒိုင်ဆိုရင် အုပ်ချုပ်ရေးမှူးအိမ်နဲ့ ၃ အိမ်ပဲ ကွာပါတယ်။  သက်ဆိုင်ရာ လူကြီးမင်းများသိအောင် ပြောပြစေလိုပါတယ်။ ကျေးဇူးပါ။

မင်းသူ

မှတ်ပုံတင်၊ သန်းခေါင်စာရင်း ရဖို့အရေး  အခက်ကြုံနေရ

ကျနော်တို့ မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ မှတ်ပုံတင်တို့၊ သန်းခေါင်စာရင်းတို့ ရဖို့အတွက်ဆိုရင် လဝက တိုက်နယ်မှူးတွေ၊ လဝကဦးစီးမှူးတွေနဲ့ တိုက်ပွဲကြီးတွေကို ခက်ခက်ခဲခဲ ဆင်နွှဲနေရပါတယ်။ တောင်းလိုက်တဲ့ အထောက်အထားတွေကလည်း များနေတော့ ဘာမှ မသိမနားလည်တဲ့ တောသူတောင်သားတွေမှာ အခက်ကြုံနေရပါတယ်။

ဒေသခံတဦး

 

သိန်း ၁၅၀၀၀ ဆုအစား သိန်း ၁၀၀၀ ဆု ၅ ဆု ပေးစေချင်

အောင်ဘာလေထီကို အကြံပြုချင်လို့ပါ။ သိန်း ၁၅၀၀၀ ဆုအစား သိန်း ၁၀၀၀ ဆု ၅ ဆုနဲ့ သိန်း ၁၀၀ ဆုကို ဆုအနိမ့်ဆုံးအဖြစ် ၁၀၀ ဆုပေးမယ်ဆိုရင် တစ်လကို အိမ်ထောင်စု ၅ စု မြှင့်တင်ပေးပြီး အိမ်ထောင်စု ၁၀၀ ကတော့ စီပွားရေးချောင်လည်လာမှာပါ။

အနိမ့်ဆုံး သိန်း ၁၀၀ သတ်မှတ်တာဟာ စီပွားရေး ချောင်လည်စေတဲ့အတွက် အောင်ဘာလေကို ပိုထိုးပြီး ၂ လုံး ၃ လုံး လောင်းကစားတွေပါ အလိုလိုပျောက်သွားမယ်လို့ ဉာဏ်မီသလောက် အကြံပြုလိုက်ပါတယ်ရှင့်။

ထီဝါသနာရှင်တဦး

အလွဲသုံးစားပြု ငွေကြေးရယူနေတဲ့ ရာအိမ်မှူး

မိုးကုက်မြို့၊  မြို့မရပ်ကွက် အပိုင်း ၁ ရာအိမ်စုမှူးတဦးဟာ ရေကန်လုပ်ဖို့ ရည်ရွယ်ထားတဲ့ အများပိုင်မြေအား လမ်းခင်းဖို့ဆိုပြီး ရပ်ကွက်ကို အသိမပေးဘဲ ငွေငါးသိန်းနဲ့ ရောင်းစားပါတယ်။ ပြဿနာအရှာခံရလို့ တိုင်ချင်ရင်လည်း ငွေသုံးသောင်းပေးမှ လုပ်ပေးတယ်။ ထောက်ခံစာတွေ ရေးခိုင်းပါက အခြေအနေ အသေးအကြီး ကြည့်ပြီး တောင်းပါတယ်။ အိမ်ထောင်ကွဲတဲ့ သူငယ်ချင်း ငါးသောင်းပေးမှ လက်မှက်ထိုးပေးပါတယ်။ ထိုရာအိမ်မှူးမှာ လေးတန်းမအောင်ဘဲ သူနိုင်တဲ့ ဆယ်အိမ်မှူးတွေ ပြန်အစားထိုးပြီး အုပ်စုဖွဲ့ လုပ်ချင်ရာ လုပ်လာကြပါသည်။ ပိုင်လို့လုပ်တာ တိုင်ချင်ရာ တိုင်ဆိုသည်မှာ သူတို့လက်သုံးစကား ဖြစ်နေတာကြောင့် ဒီမိုကရေစီအစိုးရသိစေဖို့ ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။

Hnin Hnin Lay

ဓနုဖြူက လောင်းကစားဒိုင်တွေနဲ့ အရက်ဆိုင်တွေ အရေးယူပေးပါ

ကျနော်ကတော့ ဓနုဖြူမြို့နယ်၊ အကျော်ရွာကပါ။ အကျော်ကျေးရွာမှာ ချဲထီ၊နှစ်လုံးထီ တရားမဝင် အရက်ဆိုင်တွေ ရောင်းချခွင့်ပြုထားပါသည်။ အရက်ဆိုင်တွေကလည်း ညအချိန်မတော်ထိ ရောင်းနေတာ ဆူညံပွက်လောရိုက်ပြီး မကြာခဏဆိုသလို ဆူပူသောင်းကြမ်း ခိုက်ရန် ဖြစ်ပွားနေလို့ ကျေးရွာတွင်းနေ မိဘပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်နေတာ ကြာခဲ့ပါပြီ။

ချဲထီ၊ နှစ်လုံးထီမှာလည်း မကြာမကြာ ခိုက်ရန် ဖြစ်ပွားနေပါတယ်။ တာဝန်ရှိလူကြီးမင်းများ ကျေးရွာအတွင်း ဝင်ရောက်စစ်ဆေး ရှာဖွေဖမ်းဆီး အရေးယူနိုင်ဖို့ ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။

Ko Maung

ဒီဗွီဘီကို ရင်ဖွင့်စာပေးပို့လိုပါက အောက်ဖော်ပြပါ အီးမေးလ်တွေကို ပေးပို့နိုင်ပါတယ်။ [email protected], [email protected]

Tags: ရင်ဖွင့်စာ

  • Previous story ရုရှားနှင့်အမေရိကန် စစ်သင်္ဘော နှစ်စီး တိုက်မိမလိုဖြစ်၊ အပြန်အလှန်အပြစ်တင်
  • Next story စက်သုံးဆီသိုလှောင်ဖြန်ဖြူးရေးအတွက် PTT နှင့် ကမ္ဘောဇအုပ်စု ဒေါ်လာသန်း ၂၀၀ ကျော်ဖိုး ရင်းနှီးမြှုပ်နှံ
  • Facebook

    Facebook

    Jobs at DVB

    Ethnic

    သုတကဖေး

    DVB SMS

  • သတင်းဓာတ်ပုံ

    • gallery

      ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် သိပ္ပံပွဲခင်းကျင်းပနေ

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 ဂျီနိုစိုက်အရေး အဖြေရှာတွေ့ပြီ 
    • 02 ICJ တရားရုံးတွင် ပါမောက္ခ မစ္စ ဖိုဘီအိုကိုဝါ၏ ထွက်ဆိုချက်
    • 03 ဝီဂါကလေးများကို အကြမ်းဖက်တိုက်ခိုက်နည်း သင်တန်းပေး (ရုပ်သံ)
    • 04 လူမျိုးတုံးသတ်ဖြတ်ခြင်းမရှိဟု ICJ တရားရုံး၌ ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲ
    • 05 ကြားဖြတ်တားဆီးမိန့်ချမှတ်ပေးရန်  ICJ ထံ ဂမ်ဘီယာနိုင်ငံ၏ ပန်ကြားချက် (၅) ချက် 
    • 01 ရင်ဖွင့်စာ
    • 02 မြောက်ကိုရီးယားဆိုင်ရာ အမေရိကန်အထူးသံတမန် တောင်ကိုရီးယား ရောက်ရှိ
    • 03 မီးရှို့သတ်ခံရသည့် အမျိုးသမီးအရေး နယူးဒေလီတွင် ချီတက်ဆန္ဒပြ
    • 04 ရသေ့တောင်တွင် တပ်မတော်နှင့်အေအေ နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်၊ ဒေသခံများ ထွက်ပြေး
    • 05 နယူးဇီလန်တောင်ပိုင်း အရေးပေါ်အခြေအနေ ထုတ်ပြန်၊ ကမ်းပါးတခု ကြောက်မက်ဖွယ်ပြိုကျ (ရုပ်သံ)
    • 01 မြောက်ကိုရီးယားဆိုင်ရာ အမေရိကန်အထူးသံတမန် တောင်ကိုရီးယား ရောက်ရှိ
    • 02 သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းစေရန် ကျောက်ဖြူတွင် စုပေါင်းအမှိုက်ကောက်
    • 03 ချဲလ်ဆီး ကွင်းလယ်လူ ကန်တေ ရာသီကုန် အသင်းမှ ထွက်ခွာရန် ပြင်ဆင်နေ
    • 04 တိုက်ကြီး၌ တောဆင်ရိုင်းများ ဝင်ဖျက်သဖြင့် သီးနှံစိုက်ခင်း ဧက ၅၀ ကျော်ပျက်စီး
    • 05 ဆဲလ်ဘက် တိုက်စစ်မှူး ဟာလန်း မန်ယူနိုက်တက်ကို ရွေးချယ်ဖွယ်ရှိ
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ရေဒီယို
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.