သြစတြေးလျတွင် မြူများကျဆင်းမှုကြောင့် လေကြောင်းခရီးစဉ်များ နှောင့်နှေးခဲ့

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ဇွန် ၈ ရက်က မြူတွေ ထူထပ်စွာကျဆင်းနေလို့  လေကြာင်းခရီးစဉ်တွေ နှောင်းနှေးခဲ့ရတယ်လို့ သိရပါတယ်။ ဆစ်ဒနီဆိပ်ကမ်း တံတားဟာ မြင်ကွင်းက ပျောက်လုနီးပါး ဖြစ်နေတာကို လည်း တွေ့ရတာပါ။ ဆစ်ဒနီ နိုင်ငံတကာ လေဆိပ်နဲ့ ပြည်တွင်း လေဆိပ်တွေမှာ မြင်နိုင်စွမ်း ကျဆင်းနေလို့ လေကြောင်းခရီးစဉ်တွေ နှောင့်နှေးခဲ့ရပြီး တချို့ခရီးစဉ်တွေကို ဖျက်သိမ်းတာ၊ အချိန်ရွှေ့တာနဲ့ လမ်းကြောင်းလွှဲတာတွေ လုပ်ခဲ့ရပါတယ်။ နေ့မွန်းတည့်ချိန်ရောက်မှ မြူတွေ ကျဲပါးသွားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up