Home
မြန်မာသတင်း
မိတ္ထီလာတွင် ဆိုင်ကယ်နှင့် ကားတိုက်မိ၊ တပ်မတော်သား ၁ ဦး သေဆုံး
DVB
·
June 9, 2019
ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၁၅/၅ နဲ့ ၆ အကြား မိတ္ထီလာမြို့ ပြည်သာယာ (၄) လမ်းထိပ်မှာ ဇွန် ၈ ရက်ညနေက ဆိုင်ကယ် နဲ့ ကန်တာကား တိုက်မိခဲ့တာကြောင့် တပ်မတော်သား ၁ ဦး သေဆုံးသွားတယ်လို့ မိတ္ထီလာအမှတ်၂ ရဲစခန်းက ပြောပါတယ်။ ကျွဲတလင်းရွာနေ ချစ်မိုးဇော်(၃၁နှစ်) မောင်းလာတဲ့ ကန်တာကားနဲ့  လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးတပ်မှ တပ်ကြပ် သန်းထိုက် (၄၅နှစ်) မောင်းလာတဲ့ ဆိုင်ကယ်တို့ တိုက်မိပြီး အခင်းဖြစ်နေရာမှာ တပ်ကြပ်သန်းထိုက် သေဆုံးခဲ့တာပါ။ မိတ္ထီလာအမှတ် ၂ ရဲစခန်းတာဝန်ကျ ရဲအရာရှိက "မဆင်မခြင်ချိုးကွေ့ဝင်တဲ့ ယာဉ်မောင်းကို အမှုဖွင့်ထားတယ်၊ တပ်ကြပ်ကတော့ အခင်းဖြစ်နေရာမှာပဲ သေဆုံးတယ်"လို့ ပြောပါတယ်။ ဒေသခံတဦးက "ကားက ရုတ်တရက် ချိုးကွေ့လိုက်တော့ နောက်က ဆိုင်ကယ်က လွတ်အောင်မရှောင်နိုင်တော့ဘူးပေါ့။ ကွေ့တော့မယ်ဆို ယာဉ်အန္တရာယ်ကင်းအောင် နောက်ကို သေချာကြည့်ပြီးမှ ကွေ့သင့်တယ်" လို့ ပြောပါတယ်။ ကန်တာကားယာဉ်မောင်း ချစ်မိုးဇော်ကို ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က နဲ့ မိတ္ထီလာအမှတ်၂ ရဲစခန်းမှာ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024