Home
သတင်းတို
စီးပွားရေး အကြံပေးအဖွဲ့ခေါင်းဆောင် ဦးမြင့် ဟောပြောပွဲ ကျင်းပ
DVB
·
November 16, 2012
ဒီနေ့မနက် ရန်ကုန် စီးပွား ကူးသန်း ၀န်ကြီးဌာန တိုင်းရုံးမှာ ပြုလုပ်တဲ့ဟောပြောပွဲမှာ လွှတ်တော်ကို ပေးပို့မယ့် Myanmar and the FDI Issue စာတမ်းကို အခြေခံပြီး နိုင်ငံတော်သမ္မတရဲ့ စီးပွားရေး အကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်က ဟောပြောခဲ့ပါတယ်။ ဟောပြောပွဲမှာ ဒေါက်တာဦးမြင့်က နိုင်ငံတကာမှာ ရေးဆွဲလေ့ရှိတဲ့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုဥပဒေ (FDI Law) တွေဟာ တခုနဲ့ တခု သိပ်မကွာခြားဘဲ ကောင်းမွန်လေ့ရှိကြောင်း၊ ဒါပေမယ့် တကယ့်တကယ် လက်တွေ့ ကျင့်သုံးတဲ့အခါမှာ ကျင့်သုံးပုံနည်းလမ်းအလိုက် ကွာခြားမှုတွေ ကြီးမားသွားလေ့ရှိကြောင်း ပြောဆိုပါတယ်။ [caption id="attachment_33140" align="alignright" width="300" caption="ဒေါက်တာဦးမြင့်"][/caption] ဟောပြောပွဲမှာ ဦးမြင့်က အက်ဖ်ဒီအိုင်ကို အဓိပ္ပာယ်ဖွင့်ဆိုမှု၊ မြန်မာနိုင်ငံရဲ့ စီးပွားရေးနောက်ခံ၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအခြေအနေ နောက်ခံ၊ အက်ဖ်ဒီအိုင်နဲ့ ပတ်သက်ပြီး အပြန်အလှန် ငြင်းခုံမှုများ၊ ရှေ့ကို ဘယ်လို ဆက်သွားမလဲ စတဲ့ ခေါင်းစဉ်ခွဲတွေနဲ့ အတူ စာရင်းဇယားတွေနဲ့တကွ ရှင်းလင်း ဟောပြောသွားပါတယ်။ ဒီဟောပြောပွဲကို စီးပွားကူးသန်းဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာပွင့်ဆန်းနဲ့ တာဝန်ရှိသူတွေ၊ စီးပွားရေး တက္ကသိုလ် ကျောင်းသားတွေ၊ လုပ်ငန်းရှင်ကြီးတွေ၊ စိတ်ပါဝင်စားသူတွေနဲ့ သတင်းထောက်တွေ စုစုပေါင်း ၄၀၀ ၀န်းကျင် တက်ရောက်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024