ပိုလန်တွင် ဆောက်လုပ်ဆဲ အထပ်မြင့် အဆောက်အဦ မီးလောင်

1.1K
ပိုလန်နိုင်ငံ ဝါဆောမြို့မှာ ဆောက်လုပ်ဆဲ အထပ်မြင့် အဆောက်အဦရဲ့ ထိပ်ပိုင်း အထပ်တွေမှာ ဇွန်လ ၇ ရက် ညက မီးလောင်ခဲ့ပါတယ်။
မျက်မြင်သက်သေတွေက ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာ မီးမငြိမ်းခင် စနေမနက် ၅ နာရီလောက်က မီးလောင်နေတဲ့ အပျက်အစီးတွေ တိုက်ပေါ်က ကျလာတာကို တွေ့ရပါတယ်။
မီတာ ၁ဝဝ အမြင့်ကနေ မီးစလောင်ခဲ့တာလို့ ပိုလန် ပြည်ထောင်စု မီးသတ်တပ်ဖွဲ့ကို ကိုးကားပြီး ပိုလန် မီဒီယာက အစီရင်ခံပါတယ်။
မီးသတ်သမား အယောက် ၁၃၀ ကျော်နဲ့ မီးသတ်ကား ၃၅ စီးက ညလုံးပေါက် မီးငြှိမ်းသတ်ခဲ့ရတာပါ။
မီးလောင်ချိန်မှာ အဆောက်အဦထဲမှာ လူမရှိတာကြောင့် ဒဏ်ရာရသူ မရှိဘူးလို့ သိရပါတယ်။