Home
မြန်မာသတင်း
အနာဂတ်ကလေးများ မူးယစ်အန္တရာယ် ရှောင်ကြဉ်နိုင်ရေး ပန်းချီပြိုင်ပွဲ ကျောက်ဖြူတွင် ကျင်းပ
DVB
·
June 9, 2019
၂၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် အနာဂတ်ကလေးငယ်များ မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်ကို သိရှိရှောင်ကြဉ်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲကို ကျောက်ဖြူမြို့မှာ ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အထက ၃ ကျောင်းမှာ ဇွန် ၈ ရက်နေ့က ပြုလုပ်ခဲ့တာပါ။ အမှတ် (၄၈) မူးယစ်တပ်ဖွဲ့စုကျောက်ဖြူ တပ်ဖွဲ့စုမှူး ဒုရဲမှူးမျိုးသိန်းက “အဓိကတော့ ကျနော်တို့ လုပ်ချင်တာကတော့ အများကြီးပေါ့လေ၊ လူထုလှုပ်ရှားမှုအသွင်နဲ့ လုပ်ချင်တယ်။ ဒါပေမယ့် လူထုလူတန်းစား အသီးသီးဆိုတာက လူတန်းစား (၇) မျိုးလောက်ရှိတဲ့အတွက် လူတွေက အချိန်မပေးနိုင်တဲ့အခါကျတော့ ကျနော်တို့ရဲ့အနာဂတ်ပေါ့၊ ဒီ အနာဂတ်သားကောင်း ရတနာလေးတွေကို ဒီမူးယစ်ဆေးဝါး ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီးတော့မှ ဒီကလေးတွေ ရှောင်ကြဉ်နိုင်သွားအောင်၊ မူးယစ်ဆေးဝါးကို လုံးဝလက်မခံဖို့ အဲဒီရည်ရွယ်ချက်လေးနဲ့ ပညာပေးအစီအစဉ်အနေနဲ့ ပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲကို ကျင်းပရတာ” လို့ ပြောပါတယ်။ အလက (၂) ထခွဲ မြို့မကျောင်းမှ ပန်းချီပြိုင်ပွဲဝင် န၀မတန်းကျောင်းသူ မမေမြတ်နိုးက “ဒီလိုစာစီစာကုံးပြိုင်ပွဲတွေ၊ ပန်းချီ ပြိုင်ပွဲတွေကို နှစ်စဉ်လုပ်နေတာက တော်တော်အကျိုးရှိပါတယ်၊ ဒီလိုမူးယစ်ဆေးဝါးမသုံးစွဲအောင်အတွက် တားဆီးပေးတဲ့ ပြိုင်ပွဲတွေ ကလေးတွေကို အားတက်အောင် လှုံ့ဆော်ပေးတဲ့ပွဲတွေကို အများကြီး လုပ်ပေးစေချင်ပါတယ်။ မူးယစ်ဆးဝါးကို မသုံးစွဲကြပါနဲ့၊ သုံးစွဲရင် မိသားစုကို မသိတော့ဘူး၊ ပတ်ဝန်းကျင်ကိုလည်းထိခိုက်စေတယ်၊ ပြီးရင် ကိုယ်ရဲ့ ကျန်းမာရေးအတွက်လည်း မကောင်းဘူး၊ လူတယောက်ကို သေစေနိုင်တဲ့ ဆေးတမျိုးပါ” လို့  ပြောပါတယ်။ ပြိုင်ပွဲကို ကျောက်ဖြူခရိုင်အတွင်းရှိ ကျောင်းတွေက မူလတန်း၊ အလယ်တန်း၊ အထက်တန်းမှ ကျောင်းသား/ကျောင်းသူ ၁၃၀ ၀န်းကျင်လောက်  ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဇွန် ၂၆ ရက်နေ့ ကျရောက်မည့် ၂၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေး အထိမ်းအမှတ်နေ့မှာ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူတွေကို ဆုချီးမြှင့်သွားမှာပါ။ အဆိုပါပြိုင်ပွဲကို ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်ဦးနဲ့အဖွဲ့၊ ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သန့်ဇင်ဦးနဲ့အဖွဲ့၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူတွေ တက်ရောက်ကြည့်ရှုခဲ့ကြပါတယ်။ နောင်နောင်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024