ကုလအထူးသံတမန် ဂျိုလီ ဗင်နီဇွဲလားနယ်စပ်က ဒုက္ခသည်စခန်းကို သွားရောက်

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြိး (UNHCR)  အထူးသံတမန် အိန်ဂျလီနာ ဂျိုလီဟာ ဇွန် ၇ ရက်နေ့က ကိုလံဘီယာ-ဗင်နီဇွဲလားနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။ ဗင်နီဇွဲလားနိုင်ငံအတွင်း စီးပွားရေးနဲ့ လူသားချင်းစာနာမှု ပြဿနာတွေကြောင့် ဒုက္ခသည်နဲ့ ရွှေ့ပြောင်းသူ ၄ သန်း နိုင်ငံကနေ ထွက်ပြေးခဲ့တယ်လို့ ကုလသမဂ္ဂက ကြေညာပြီးနောက် အထူးသံတမန် ဂျိုလီဟာ ဒုက္ခသည်စခန်းကို သွားရောက်ခဲ့တာပါ။ မကြာသေးခင် ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ကိုလံဘီယာဟာ ဗင်နီဇွဲလား ဒုက္ခသည် အများစု  ၁ ဒသမ ၃ သန်း ကို လက်ခံထားပြီး သူ့နောက်မှာတော့ ပီရူး၊ ချီလီ အီကွေဒေါ၊ ဘရာဇီင်္း နဲ့ အာဂျင်တီးနား နိုင်ငံတို့က ဒုက္ခသည်တွေကို လက်ခံထားပါတယ်။ ဂျိုလီဟာ  ဒုက္ခသည်တွေနဲ့အတူ စကားပြောဆိုခဲ့ပြီး ဒုက္ခသည်တွေရဲ့ စကားသံတွေကို နားထောင်ခဲ့ပါတယ်။ ဇွန်လ ၇ ရက်နေ့က ဗင်နီဇွဲလား သမ္မတ မာဒူရိုဟာ နယ်စပ် တစိတ်တဒေကို ပြန်ဖွင့်တယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီနယ်စပ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ဗင်နီဇွဲလားအစိုးရက ပိတ်ခဲ့တာပါ။ အဲဒီလို ပိတ်လိုက်တဲ့အတွက် နယ်စပ်မြို့တွေမှာ စီးပွားရေးပြဿနာတွေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်  ဗင်နီဇွဲလား နိုင်ငံသားတွေဟာ ကြံရာမရဖြစ်တာနဲ့ နယ်စပ်လမ်းတွေကို ထိန်းချုပ်တဲ့ ဒုစရိုက်သမားတွေကို အခကြေးငွေပေးပြိး တရားမ၀င် ဖြတ်သန်းတာတွေ လုပ်ကြတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up