နာပိုလီခံစစ်မှူး ကိုလီဘာလီကို ခေါ်ယူရန် မန်ယူ ပြင်ဆင်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါင် ၈၄ သန်းအထက် အသုံးပြုပြီးတော့ နာပိုလီခံစစ်မှူး ကိုလီဘာလီကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အဲ့ဒီကစားသမားဟာ ယခင်ကတည်းက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စိတ်ကြိုက်ကစားသမားဖြစ်ပေမယ့် လက်ရှိအချိန်အထိ ခေါ်ယူနိုင်ခြင်းမရှိသေးပါဘူး။ ကိုလီဘာလီဟာ နည်းပြအိုလီဂန်နာ ဆိုးလ်ရှားရဲ့ စိတ်ကြိုက်နံပါတ် ခေါ်ယူမယ့် ကစားသမားဖြစ်တယ်လို့ သိရပြီး ခံစစ်အင်အားတောင့်တင်းဖို့ ခေါ်ယူလိုနေတာပါ။ ကိုလီဘာလီဟာ အသင်းကနေ ထွက်ခွာခဲ့မယ်ဆိုရင် စာချုပ်ဖျက်သိမ်း တန်ကြေးပေါင် ၁၃၃ သန်းတန်ကြေး ရှိနေပြီး လာမယ့် ၂၀၂၀ ပြည့်နှစ်အထိ စာချုပ်ကျန်ရှိနေပါတယ်။ နာပိုလီဥက္ကဋ္ဌ လော်ရန်းတစ်ကတော့ ပေါင် ၈၉ သန်း အနည်းဆုံးပေးမှ ရောင်းချနိုင်မယ်လို့ ကြေညာထားပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အေဂျက်စ်နောက်ခံလူ ဒီလစ်ကိုခေါ်ယူဖို့လည်း ကြိုးပမ်းနေပေမယ့် ခေါ်ယူမယ့်အသင်းတွေ များပြားနေတာကြောင့် အခက်တွေ့နေပြီး နာပိုလီနောက်ခံလူဘက်ကို မြားဦးလှည့်လာဖို့ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up