အီသီယိုးပီးယားဝန်ကြီးချုပ် ဆူဒန်နိုင်ငံ ရောက်ရှိ

ဆူဒန်နိုင်ငံရေးအကျပ်အတည်းကို ကြားဝင်ဖြန်ဖြေဖို့ ကြိုးပမ်းမှုအဖြစ် ဇွန်လ ၇ ရက်နေ့က အီသီယိုးပီးယားဝန်ကြီးချုပ်ဟာ ခါတွန်မြို့ကို  ရောက်လာခဲ့ပါတယ်။ အီသီယိုးပီးယား ၀န်ကြီးချုပ်ဟာ စစ်ဘက်အသွင်ကူးပြောင်းရေးကောင်စီ  (TMC ) နဲ့ ရော အတိုက်အခံမဟာမိတ်နဲ့ပါ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သံတမန် သတင်းရင်းမြစ်တခုက ဆိုပါတယ်။ ဆူဒန်နိုင်ငံမှာ ဧပြီလတုန်းက သမ္မတ အိုမာ အယ်ဘာရှားကို ဖြုတ်ချပြီးနောက်မှာ စစ်ဘက်က အုပ်ချုပ်ရေးတာဝန်ကို ယာယီလွှဲပြောင်းယူခဲ့ပါတယ်။ အတိုက်အခံတွေက အရပ်သားအစိုးရကို အာဏာလွှဲပေးရေးတောင်းဆိုခဲ့ပြီး ဆန္ဒပြသူတွေကလည်း ဆူဒန်ကာကွယ်ရေး ၀န်ကြီးဌာနရှေ့မှာ ပိတ်ဆို့ဆန္ဒပြခဲ့ပါတယ်။ ဇွန် ၃ ရက်နေ့မှာတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို အားသုံးဖြိုခွင်းခဲ့ပြီး လုံခြုံရေးတ်ပ်ဖွဲ့ဝင် ၃ ယောက်အပါအ၀င် ၆၁ ယောက် သေဆုံးတယ်လို့ ဆူဒန်အစိုးရက ပြောကြားပါတယ်။ အတိုက်အခံအဖွဲ့ကတော့ အဲဒီဖြိုခွင်းမှုကြောင့် ၁၀၈ ယောက် သေဆုံးခဲ့တယ်ဆိုပြီး ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up