ဆက်ကပ်ဆန်ဆန် လင်းပိုင်ဖျော်ဖြေပွဲများ ရပ်တန့်ပေးရန် တောင်းဆို

ဆက်ကပ်ဆန်ဆန်  လင်းပိုင်တွေ ဖျော်ဖြေပွဲလုပ်တာကို ရပ်တန့်ပေးဖို့ SeaWorld တိရစ္ဆာန် ဖျော်ဖြေရေးစခန်းကို "Blackfish" မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူက ဇွန်လ ၅ ရက်မှာ တောင်းဆိုလိုက်ပါတယ်။ "Blackfish" ဒါရိုက်တာ ဂပ်ဘရီရယ်လာက လင်းပိုင်တွေကျောပေါ် တက်စီးတာ၊ မျက်နှာပေါ် မတ်တပ်ရပ်တာတွေ မလုပ်ဖို့၊ လင်းပိုင်ဖေ်ျာဖြေရေးပွဲတွေ မလုပ်ဖို့ SeaWorld ကို တောင်းဆိုလိုက်တာပါ။ တိရစ္ဆာန်အကာအကွယ်ပေးရေး အဖွဲ့တခုက ဆန်ဒီယေဂို SeaWorld ဖျော်ဖြေရေးစခန်းအနီး သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ချက် တခုလုပ်ခဲ့ပါတယ်။ အဲဒီ ထုတ်ပြန်ချက်မှာ ဖျော်ဖြေရေးရှိုးပွဲတွေနဲ့ ပိတ်လှောင်တာကြောင့် လင်းပိုင်တွေရဲ့   ရုပ်ပိုင်းနဲ့ အပြုအမူအပိုင်း ထိခိုက်ခံစားရတာကို ပြသခဲ့ပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ သီးခြားသတင်းစာရှင်းလင်းပွဲမှာ  SeaWorld ဖျော်ဖြေရေးစခန်း တာဝန်ရှိသူတွေကလည်း သူတို့ရဲ့ လင်းပိုင်တွေအပေါ် ဆက်ဆံပုံကို ကာကွယ်ပြောခဲ့ပြီး သူတို့ ရှိုးပွဲတွေဟာ အန္တရာယ် ဖြစ်စေတယ်ဆိုတဲ့ အချက်ကို ငြင်းဆိုခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်က "Blackfish" လို့ခေါ်တဲ့ မှတ်တမ်းရုပ်ရှင် ထွက်ရှိပြီးနောက်မှာ  SeaWorld ကုမ္ပဏီဟာ အများပြည်သူတွေရဲ့ ဝေဖန်မှုကို ရင်ဆိုင်ခဲ့ရပြီး အမြတ်ငွေ ကျဆင်းခဲ့ပါတယ်။ "Blackfish" မှတ်တမ်းရုပ်ရှင်မှာ ပင်ကိုယ်အားဖြင့် ရက်စက်တဲ့ သွားပါလင်းပိုင်တွေကို ဖမ်းလှောင်ပြီး  အများပြည်သူတွေကို ပြသတဲ့အကြောင်း ရိုက်ကူးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up