သတင်းလွတ်လပ်ခွင့်ကို အဆုံးစွန်ထိ ကာကွယ်မည်ဟု ABC ရုပ်သံ ဥက္ကဋ္ဌ ပြော

သြစတြေးလျ ရုပ်သံထုတ်လွှင့်ရေး ကော်ပိုရေးရှင်း ABC ကို ရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်းပြီးနောက် ABC ဥက္ကဋ္ဌက သတင်းလွတ်လပ်ခွင့်ကို အဆုံးစွန်အထိ ကာကွယ်မယ်လို့ ဇွန်လ ၇ ရက်နေ့က ပြောလိုက်ပါတယ်။ ABC ဥက္ကဋ္ဌ Ita Buttrose က သတင်းဌာနကို ရဲတပ်ဖွဲ့ ဝင်စီးတာက စိတ်ထိခိုက်ဖွယ်ဖြစ်ပြီး လာမယ့်သီတင်းပတ်မှာ ABC ရုပ်သံအနေနဲ့ ကြေညာချက် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရဲတပ်ဖွဲ့ ဝင်စီးတဲ့ကိစ္စကို ရှေ့နေရှေ့ရပ်တွေနဲ့ ဥပဒေကြောင်းအရ လုပ်ဆောင်သွားမယ်လို့ Ita Buttrose က ပြောပါတယ်။ Buttrose က သူဟာ ဂျာနယ်လစ်အဖြစ် ကာလကြာ လုပ်ကိုင်ခဲ့တဲ့အတွက် သတင်းလွတ်လပ်ခွင့် အရေးပါပုံကို သိရှိပြီး လောလောဆယ်မှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ခက်တယ်လို့ ဆိုပါတယ်။ ဇွန်လ ၅ ရက်နေ့က သြစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ဟာ ဆစ်ဒနီမြို့မှာရှိတဲ့ ABC သတင်းဌာန ရုံးချုပ်ကို ရှာဖွေရေးဝရမ်းနဲ့ ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အဲဒီစီးနင်းမှုဟာ အာဖဂန်နစ္စတန်နိုင်ငံမှာရှိတဲ့ သြစတြေးလျ အထူးတပ်ဖွဲ့တွေရဲ့ အပြုအမူဆိုင်ရာ အထူးစုံစမ်းရေးနဲ့ ပတ်သက်တယ်လို့ ABC သတင်းဌာနက ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up