အမေရိကန်က သီရိလင်္ကာသို့ လှူဒါန်းသည့် ရေတပ်သင်္ဘော လက်ခံပွဲ ကျင်းပ

1.7K
အမေရိကန်နိုင်ငံက လှူဒါန်းတဲ့ ရေတပ်သင်္ဘော လက်ခံပွဲ အခမ်းအနားကို ဇွန်လ ၆ ရက်နေ့က သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်းမှာ ကျင်းပခဲ့ပါတယ်။
အဲဒီအခမ်းအနားကို သမ္မတ မိုင်သရီပါလာ ဆီရီဆီနာ တက်ရောက်ခဲ့ပြီး ရေတပ်အကအဖွဲ့က ရိုးရာအကတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။
သီရိလင်္ကာရေတပ်ရဲ့ အကြီးဆုံးစစ်သင်္ဘောဖြစ်လာမယ့် အဲဒီသင်္ဘောဟာ သီရိလင်္ကာနိုင်ငံကို မေလက ရောက်လာခဲ့ပြီး တရားဝင် ထုတ်ဖော်မပြသခင် ပြင်ဆင်မွမ်းမံတာတွေ လုပ်ခဲ့ပါသေးတယ်။
သီရိလင်္ကာရေတပ်အတွက် အမေရိကန်စစ်သင်္ဘော လှူဒါန်းတာဟာ အမေရိကန်နဲ့ တရုတ်အကြား နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
မကြာသေးခင်နှစ်တွေက တရုတ်ဟာ သီရိလင်္ကာနိုင်ငံရဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံခဲ့ပြီး အထူးသဖြင့် သီရိလင်္ကာရေတပ်နဲ့ စစ်ရေးဆက်ဆံမှု ပိုနီးကပ်အောင် ကြိုးစားခဲ့ပါတယ်။