အာဂျင်တီးနားနိုင်ငံသားများ ချင့်ချင့်ချိန်ချိန် မဲပေးရန် ဘရာဇီးသမ္မတ တိုက်တွန်း

အာဂျင်တီးနားနိုင်ငံသားတွေ အနေနဲ့ အောက်တိုဘာလမှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ ချင့်ချင့်ချိန်ချိန် မဲပေးကြဖို့ ဘရာဇီးသမ္မတ ဘိုဆိုနာရိုက ဇွန်လ ၆ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ ဘရာဇီးသမ္မတ ဘိုဆိုနာရိုဟာ ဇွန်လ ၆ ရက်နေ့က အာဂျင်တီးနားနိုင်ငံကို တရားဝင်ခရီးစဉ်နဲ့ ရောက်လာခဲ့ပြီး အာဂျင်တီးနားသမ္မတ မော်ရီစီယို မက်ခရီနဲ့ တွေ့ဆုံခဲ့ပြီးနောက် ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ အဲဒီလို တိုက်တွန်းလိုက်တာပါ။ လက်ရှိ အာဂျင်တီနားနိုင်ငံတွင်းမှာ စီးပွားရေး အကျပ်အတည်း ရင်ဆိုင်နေရတာကြောင့် ဒုတိယ ဗင်နီဇွဲလားနိုင်ငံ ဖြစ်လာမှာကို စိုးရိမ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။ လက်ရှိသမ္မတ မက်ခရီဟာ အောက်တိုဘာ ရွေးကောက်ပွဲမှာ ထပ်မံ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး နောက်တကြိမ် အနိုင်ရဖို့ ရည်မှန်းထားပေမယ့်  လူထုသဘောထား စစ်တမ်းတွေအရ နိုင်ငံတွင်း စီးပွားရေးကျဆင်းမှု ပြဿနာကြောင့် မက်ခရီကို ထောက်ခံမဲ လျော့ကျနေပါတယ်။ လက်ရှိ လူထုသဘောထား စစ်တမ်းအရ ပီရွန်နစ်ဝါဒီ အယ်ဘတ်တို ဖာနန်ဒက်ဇ်နဲ့ သမ္မတဟောင်း ခရစ်စတီနာ ဖာနန်ဒက်ဇ်တို့က ၃၀ ရာခိုင်နှုန်းနဲ့ ဦးဆောင်နေပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ မဟာမိတ်ဖွဲ့မထားရင် နောက်တကျော့ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ မက်ခရီကို အနိုင်ရဖို့ အကြိတ်အနယ် ယှဉ်ပြိုင်ရနိုင်ပါတယ်။ အဲဒီနောက်  ပူးတွဲ သတင်းစာရှင်းလင်းပွဲအတွင်း ဘရာဇီးသမ္မတ ဘိုဆိုနာရိုနဲ့ အာဂျင်တီးနားသမ္မတ မက်ခရီတို့က တောင်အမေရိက ကုန်သွယ်ရေးအဖွဲ့ မာကိုဆာ (Mercosur) နဲ့ ဥရောပသမဂ္ဂ (အီးယူ) အကြား ကုန်သွယ်ရေး သဘောတူညီချက်အတွက် ညှိနှိုင်းဆွေးနွေးတာတွေ ရှေ့ဆက်လုပ်ဆောင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up