Home
မြန်မာသတင်း
ဝရမ်းပြေးအဖြစ်မသတ်မှတ်ဘဲ ဓမ္မစက်အမိန့်ကိုခံယူရန် စောင့်နေဟု ဦးဝီရသူ မိန့်ဆို
DVB
·
June 6, 2019
ဖမ်းဝရမ်းထုတ်ခံရထားရတဲ့ ဦးဝီရသူက ကိုယ့်ကိုယ်ကိုယ် ၀ရမ်းပြေးလို့ မသတ်မှတ်ဘဲ ဓမ္မစက်ရဲ့အမိန့်ကို စောင့်မျှော်နေတယ်လို့ ဇွန်လ ၅ ရက်နေ့က ရုရှားလူမှုကွန်ရက် VK ကနေ တဆင့် မိန့်ဆိုလိုက်ပါတယ်။ သံဃာတွေအနေနဲ့ အစိုးရနဲ့ ပတ်သက်လို့ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေမှာ သံဃာတွေ အချင်းချင်း ဘယ်တော့မှ ၀ရမ်းပြေးလို့ မသတ်မှတ်ဘူးလို့လည်း မိန့်ပါတယ်။  ဓမ္မစက်ရဲ့ အဆုံးအမကို ခံယူပြီးမှ အာဏာစက်နဲ့ ဆုံးမတာကို ခံယူမယ်လို့ မိန့်ပါတယ်။ အဖမ်းခံဖို့အတွက်လည်း ပြင်ဆင်ထားပြီးသားဖြစ်ပြီး တပည့်တယောက်ကို အ၀တ်အစားတွေနဲ့ ရိက္ခာတွေ ပြင်ဆင်ခိုင်းထားသလို ဓမ္မစက်နဲ့ ပင့်ဖိတ်မယ့်ရက်ကိုလည်း စောင့်နေတယ်လို့ မိန့်ဆိုပါတယ်။ ဒါ့အပြင် စစ်အစိုးရလက်ထက်က ဆရာတော်တွေ ပတ္တိနိက္ကုဇ္ဇန ကံဆောင်တုန်းကလည်း တိမ်းရှောင်ခဲ့ဖူးတယ်လို့ ဥပမာပေးပြီး ဦးဝီရသူက မိန့်ကြားထားပါတယ်။ ဦးဝီရသူဟာ ရန်ကုန်မြို့တော်ခန်းမရှေ့ဟောပြောပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အစိုးရ အဖွဲ့ကို မမှန်မကန်ဝေဖန်လို့ ပြည်ထောင်စုအစိုးရကိုတိုင်ကြားပြီး ဖမ်းဝရမ်းထုတ်ခဲ့တာလို့ ရန်ကုန်းတိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒါပေမယ့် ဦးဝီရသူကို ဖမ်းမမိသေးဘဲ ထွက်ပြေးလွတ်မြောက်နေတာဟာ အစိုးရအဖွဲ့ဝင်တွေနဲ့ မသက်ဆိုင်ဘဲ လုံခြုံရေးနဲ့ ဥပဒေစိုးမိုးရေး ဆောင်ရွက်နေသူတွေနဲ့သာ သက်ဆိုင်တယ်လို့ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024