Home
သတင်းတို
ကယားပြည်နယ် လမ်းပြင်ရန် ကျပ် သန်း ၅၀၀၀ ထောက်ပံ့
DVB
·
November 15, 2012
ပြည်ထောင်စုအစိုးရက ကယားပြည်နယ် လမ်းပန်းဆက်သွယ်မှုကောင်းမွန်ဖို့ ချပေးတဲ့  ကျပ် သန်းပေါင်း ၅၀၀၀ ကျော် လက်ခံရရှိထားပြီး  လမ်းနဲ့ တံတားတွေ ပြင်ဆင်တဲ့လုပ်ငန်း လုပ်ဆောင်နေတယ်လို့ ကယားပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဇော်ဝင်းက ပြောပါတယ်။ အောင်ပန်း-ပင်လောင်း-လွိုင်ကော်လမ်း၊ တောင်ငူ-ပြာသိုး-လိပ်သို-လွိုင်ကော်လမ်း၊ တောင်ငူ-ဖားဆောင်း-မော်ချီး လမ်း စတဲ့  လမ်းမကြီးတွေကို ရိုးရိုးကတ္တရာခင်း ၁၂ ပေ အကျယ် လမ်းမကြီးတွေ အဖြစ် ပြန်လည်ပြင်ဆင်ဖို့ ချပေးတာဖြစ်ပြီး လုပ်ငန်းစတင်နေပြီလို့ သူက ပြောပါတယ်။ နိုဝင်ဘာ ၁၂ ရက်နေ့က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ ပြည်ထောင်စုအစိုးရ ဝန်ကြီးတွေ ပါဝင်တဲ့အဖွဲ့ဟာ ကယားပြည်နယ် လွိုင်ကော်မြို့တော်ခန်းမမှာ ပြည်နယ်ဝန်ကြီးများ၊ လူထုကိုယ်စားလှယ်များနဲ့ တွေ့ဆုံပြီး  ပြည်နယ်ရဲ့လိုအပ်ချက်တွေ ဆွေးနွေးခဲ့ပြီး ပြည်နယ်အစိုးရကို လမ်းနဲ့ တံတားကိစ္စအတွက် ပြည်ထောင်စုအစိုးရက ထောက်ပံ့ကူညီပေးပြီး ဖြစ်တယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ လွှတ်တော်အမတ်တွေ၊ ငြိမ်းချမ်းရေး အဖွဲ့အစည်း၊ လူမှုရေး အသင်းအဖွဲ့တွေ၊ ကုမ္ပဏီတွေ၊ ဘဏ်တွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ နိုင်ငံတကာအစိုးရ မဟုတ်သောအဖွဲ့ (အိုင်အန်ဂျီလ်အို) တွေအပါအ၀င် စုစုပေါင်း ၃၀၀ နီးပါး တက်ရောက်ကြပြီး  ပြည်နယ်အတွင်း လမ်းပန်းနဲ့ ဆက်သွယ်ရေး အခက်အခဲ၊ ကျန်းမာရေး၊ ပညာရေးလိုအပ်ချက်တွေနဲ့ တခြားဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ပေးဖို့ တင်ပြခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024