ကင်ဆာပျောက်ကင်းသွားသည့်လူနာများအား ဂုဏ်ပြုအခမ်းအနား ရန်ကုန်တွင်ကျင်းပ
DVB
·
June 6, 2019
ကင်ဆာရောဂါကြောင့် ဆေးကုသမှုခံယူပြီး ပျောက်ကင်းသွားခဲ့တဲ့ လူနာတွေကို ဂုဏ်ပြုတဲ့ Cancer Survivor Day အခမ်းအနားကို ဒီကနေ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ပြုလုပ်ပါတယ်။
ကင်ဆာရောဂါကို သေချာကုသမှုခံယူရင် ပျောက်ကင်းနိုင်တယ်ဆိုတာ ပြည်သူတွေကို လက်တွေ့ပြသတဲ့အနေနဲ့ပြုလုပ်တဲ့ ဒီအခမ်းအနားကို ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီးနဲ့ တာဝန်ရှိသူတွေ၊ ကင်ဆာဆေးပညာဌာနမှ တာဝန်ရှိသူတွေနဲ့ ကင်ဆာရောဂါ ပျောက်ကင်းသွားတဲ့ လူနာ ၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
ကင်ဆာရောဂါဖြစ်ပွားနေမှန်းသိရင် အလျင်အမြန်ဆေးကုသမှုခံယူဖို့နဲ့ ဆေးကုသမှု ခံယူ နေတဲ့ ကင်ဆာလူနာတွေအနေနဲ့ နည်းလမ်းမှန်ကန်စွာနဲ့ ဆေးကုသမှုခံယူတာတွေ လုပ်ဆောင်ရင်ပျောက်ကင်းနိုင်တယ်လို့ မိမိတို့ခံစားခဲ့ရတဲ့ အတွေ့အကြုံတွေအပေါ် ကင်ဆာရောဂါ ကုသမှုခံယူပြီး ပျောက်ကင်းသွားတဲ့ လူနာတွေက မျှဝေပေးခဲ့ကြပါတယ်။
Cancer Survivor Day ကို ရန်ကုန်ဆေးရုံကြီးမှာ ကျင်းပလာတာဟာ ဒုတိယ အကြိမ်မြောက်ရှိပြီ ဖြစ်ပါတယ်။
သတင်းဓာတ်ပုံ- ဆုဆုသွယ်