Home
ရုပျသံ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
June 6, 2019
ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေ အ တွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။      မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ နာမည် ကြီး X-Men စူပါဟီးရိုးရုပ်ရှင်ကားတွေရဲ့ ၁၂ ကားမြောက်ရုပ်ရှင်အဖြစ် ထွက်ရှိလာတဲ့  X-Men: Dark Phoenix ! ဒီကားကိုတော့ 20th Century Fox ရုပ်ရှင်ကုမ္ပဏီက တင်ဆက်လိုက်တာဖြစ်ပြီး ဗြိတိန်ဖွား အမေရိကန်ရုပ်ရှင် ဒါရိုက်တာ Simon Kinberg က သူကိုယ်တိုင်ဇာတ်ညွှန်းခွဲ ပြီး ကိုယ်တိုင်ပဲ ရိုက်ကူးပုံဖော်ပေးထားခဲ့တာ ဖြစ်ပါတယ်။     Marvel Comics ဇာတ်ကောင်တွေကို ရုပ်ရှင်အဖြစ် အသက်သွင်းရိုက်ကူးခဲ့တဲ့ X-Men ရုပ်ရှင်ကားတွေဟာ ၀င်ငွေစံချိန်တင်ရရှိခဲ့ပြီး ပရိသတ်လက်ခံအားပေးခဲ့တဲ့ ရုပ် ရှင်တွေဖြစ်တာမို့ ခုထွက်ရှိလာမယ့် Dark Phoenix ရုပ်ရှင်ကိုလည်း ပရိသတ်တွေက စိတ်ဝင်စားမှုမြင့်တက်နေတာပါ။ ဒီကားကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ X-Men: Apocalypse ရုပ်ရှင်နဲ့ တိုက်ရိုက်ချိတ်ဆက်မှာဖြစ်ပြီး Space ထဲကိုသွားတဲ့ Mission ခု မှာ မတော်တဆဖြစ်ရပ်တခုနဲ့ ကြုံတွေ့ရပြီး Phoenix ရဲ့ ပါဝါတွေဟာ အတိုင်းအဆမရှိ ကြီးမားသွားခဲ့တာကြောင့် X-Men အဖွဲ့သားတွေ ခက်ခက်ခဲခဲနဲ့ ရင်ဆိုင်ကြရတော့မယ့် အခြေအနေတွေကို ရှုစားကြရမှာပါ။     ဒီကားထဲမှာတော့ Dark Phoenix အဖြစ် ဗြိတိန်သရုပ်ဆောင်မင်းသမီး Sophie Turner က သရုပ်ဆောင်ထားပြီး တခြားနာမည်ကြီးဟောလိဝုဒ်သရုပ်ဆောင်တွေဖြစ်ကြ တဲ့ James McAvoy၊ Michael Fassbender၊ Jennifer Lawrence၊ Nicholas Hoult၊ Tye Sheridan စတဲ့ သရုပ်ဆောင်တွေလည်း ပါ၀၀်ထားကြတာ ဖြစ်ပါတယ်။     ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ ဇာတ်ဝင်ခန်းမြင်ကွင်း တွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေး ငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကိုကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။     ကြာမြင့်ချိန် ၁၁၄ မိနစ်ရှိတဲ့ Dark Phoenix ရုပ်ရှင်ကားကို ဘတ်ဂျတ် အမေရိ ကန်ဒေါ်လာသန်း ၂၀၀ အကုန်အကျခံရိုက်ကူးထားပြီး အမေရိကန်နဲ့ ကနေဒါမှာ ရုံတင် ပြသမယ့် ပထမသီတင်းပတ်မှာတင် ၀င်ငွေအမေရိကန်ဒေါ်လာ သန်း ၅၀ ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။     ရုံမတင်ခင်ကတည်းက ပရိသတ်စိတ်ဝင်စားမှုမြင့်တက်နေတဲ့ ဒီရုပ်ရှင်ကား Trailer ဟာ ယူကျုဘ်အင်တာနက်စာမျက်နှာပေါ်မှာတော့ ၀င်ရောက်ကြည့်ရှုကြတဲ့ အ ကြိမ်ရေ ၁၀ သန်းကျော်ရှိနေခဲ့တာပါ။     ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇွန်လ ၇ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။     နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ကာတွန်းဇာတ်ကောင် တွေနဲ့ 3D Animation ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် The Secret Life of Pets 2 !     နာမည်ကြီးရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Universal Pictures က တင်ဆက်လိုက် တဲ့ ဒီရုပ်ရှင်ကားကိုတော့ အမေရိကန် Illustrator ဒါရိုက်တာ Chris Renaud က ရိုက် ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။     ဒီရုပ်ရှင်ကားဟာ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့ပြီး ၀င်ငွေစံချိန်တင်ရရှိခဲ့တဲ့ he Secret Life of Pets ရုပ်ရှင်ကားရဲ့ နောက်ဆက်တွဲရုပ်ရှင်အနေနဲ့ ထွက်ရှိလာခဲ့တာ ဖြစ်ပါ တယ်။ ဒီကားမှာလည်း အရင်ကားမှာလိုပဲ သခင်တွေမရှိတဲ့အချိန် ဖြစ်ချင်တိုင်းဖြစ်နေကြ တဲ့ Pets တွေအကြောင်းကို ရှုစားကြရဦးမှာပါ။ ဒီကားထဲမှာတော့ အဓိကဇာတ်လိုက် ခွေး Max ဟာ သခင်ဖြစ်တဲ့ Katie အိမ်ထောင်ကျသွားခဲ့ပြီး Liam ဆိုတဲ့ ကလေးလေး မွေးလာခဲ့ချိန်မှာ အခြေအနေတွေ ပြောင်းလဲသွားခဲ့တာကို ကြုံတွေ့ရပါတော့တယ်။ က လေးကို သူတို့ထက် ပိုအရေးပေးလာတာကလည်း အဓိကအချက်တချက်ဖြစ်သလို Countryside တခုဆီ မိသားစုခရီးထွက်ချိန်မှာ လယ်တောအိမ်ခွေးကြီး Rooster နဲ့ ဆုံမိ ကြပြီး ဘယ်လိုအဖြစ်အပျက်တွေနဲ့ ရင်ဆိုင်ကြရမလဲဆိုတာတွေကို စွန့်စားခန်းတွေ၊ ချစ် စရာကောင်းတဲ့ ဟာသဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါ တယ်။     ဒီရုပ်ရှင်ကားထဲမှာ ဟောလိဝုဒ်နာမည်ကြီး သရုပ်ဆောင်တွေ အများကြီးက အသံ နဲ့ ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပြီး အရင်ကားထဲမှာ Max နေရာက ပါဝင်ထားတဲ့ အမေရိကန် ဟာသသရုပ်ဆောင်မင်းသား Louis C.K ကတော့ မပါတော့ပဲ သူ့နေရာမှာ Patton Oswalt က ပါဝင်လာခဲ့တာပါ။ တခြားဇာတ်ကောင်တွေဖြစ်တဲ့ Duke ၊ Snowball ၊ Gidget ၊ Daisy ၊ Chloe စတဲ့ ဇာတ်ကောင်တွေနေရာမှာတော့ ဟောလိ ၀ုဒ် သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Eric Stonestreet ၊ Kevin Hart ၊ Jenny Slate ၊ Tiffany Haddish နဲ့ Lake Bell စတဲ့ သရုပ်ဆောင်တွေကလည်း အသံနဲ့ ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။     ဒီကားထဲမှာပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေဟာ ကလေးတွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင် မိ ဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။     IMDb မှာ Rating 6.4 အထိ ရရှိထားတဲ့ ဒီရုပ်ရှင်ကားကို အမေရိကန်နဲ့ ကနေဒါ မှာ ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် Box Office မှာ ၀င်ငွေအမေရိကန်ဒေါ် လာ ၆၃ သန်း ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။     ကြာမြင့်ချိန် ၈၆ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇွန်လ ၇ ရက်နေ့မှာ ရုံ တင်ပြသသွားမှာ ဖြစ်ပါတယ်။     မူဗီခရေဇီတွေကို ဒီတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ မြန်မာ နာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေနဲ့ ယိုးဒယား သရုပ်ဆောင်တွေ ပူးပေါင်း ပါဝင်ထားကြတဲ့ လေဒီဘွိုင်း !     ဒီကားကိုတော့ Bo Bo Entertainment က တင်ဆက်လိုက်တာဖြစ်ပြီး ဓနုတ်ကို ကိုဇော်ရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါ တယ်။     ဒီရုပ်ရှင်ကားထဲမှာတော့ ထိုင်းကိုရောက်သွားတဲ့ လူတယောက်က ဘာသာစကား အခက်အခဲတွေ၊ နားမလည်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို ရိုက်ကူး တင်ဆက်ထားတာဖြစ်ပြီး ဘယ်လို အလွဲအချော်တွေ၊ ကမောက်ကမဟာသဇာတ်လမ်း ဇာတ်ကွက်တွေ၊ အက်ရှင်ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဖန်တီးပုံဖော်ထားမလဲဆိုတာကို တော့ မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။     ဒီကားထဲမှာတော့ မြန်မာသရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ပြေတီဦး၊ ကျော်ကျော်ဗို၊ ထူးအောင်၊ ခင်လှိုင်၊ ဂျိုကာ၊ အိချောပိုတို့နဲ့အတူ ထိုင်းသရုပ်ဆောင် မင်းသမီး ကရာဗီတို့က ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။     ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ဇွန်လ ၃ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတ ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရုပ်ရှင် Trailer ဟာ Facebook ပေါ်မှာတော့ ၀င်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ တသန်းကျော်ရှိနေခဲ့တာပါ။     ဒီကားကိုတော့ လာမယ့် ဇွန်လ ၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။     မူဗီခရေဇီတွေကို ဒီတခါ မိတ်ဆက်ပြောပြပေးမယ့် ရုပ်ရှင်ကတော့ ဘောလိဝုဒ် စတား Salman Khan ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Bharat !     ဒီကားကိုတော့ ဘောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတွေဖြစ်ကြတဲ့ Reel Life Productions ၊ Salman Khan Films နဲ့ T-Series တို့က ပူးပေါင်းတင်ဆက်လိုက်တာ ဖြစ်ပြီး အိန္ဒိယရုပ်ရှင်ဒါရိုက်တာ Ali Abbas Zafar က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါ တယ်။     ဒီကားဟာ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ နာမည်ကြီး ကိုရီးယားရုပ်ရှင်ကားတ ကားဖြစ်တဲ့ Ode to My Father ရုပ်ရှင်ကားကို ပြန်လည်ပုံဖော်ရိုက်ကူးထားခဲ့တာ ဖြစ်ပါ တယ်။ မူရင်းကိုရီးယားရုပ်ရှင်ကားထဲမှာတော့ မြောက်ကိုရီးယားစစ်ပွဲကာလအတွင်းမှာ မိသားစုတွေကွဲကွာသွားခဲ့ရပြီးမိသားစုအတွက် သူ့ဘဝတစ်လျှောက်လုံး စွန့်လွှတ်အနစ် နာခံပေးဆပ်သွားတဲ့ လူငယ်တစ်ယောက်အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ခု ဟောလိဝုဒ်ရုပ်ရှင်အဖြစ် ပုံဖော်ဖန်တီးထားတဲ့ Bharat ရုပ်ရှင်ကားထဲမှာတော့ အိ န္ဒိယနဲ့ ပါကစ္စတန် ၂ နိုင်ငံ စတင်ပြိုကွဲခဲ့ချိန်ကစပြီး အိန္ဒိယနိုင်ငံရေးနဲ့ ပြည်သူတွေရဲ့ ဘ၀ အခြေအတွေနဲ့ ရိုက်ကူးထားခဲ့တာမို့ ပရိသတ်တွေက ပုံစံတမျိုးနဲ့ ရှုစားကြရမှာ ဖြစ်ပါ တယ်။     ဒီကားထဲမှာတော့ ဘောလိဝုဒ်နာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Salman Khan ၊ Katrina Kaif တို့နဲ့အတူ တခြားသရုပ်ဆောင်တွေလည်း အ များကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။ အစပိုင်းတုန်းကတော့ ဒီကားထဲမှာ မြန်မာပရိ သတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ ဘောလိဝုဒ်မင်းသမီး Priyanka Chopra ခေါင်းဆောင်ပါ ၀င်မယ်လို့ ကြေငြာထားခဲ့ပေမယ့် သူ့ရဲ့ မင်္ဂလာပွဲကိစ္စကြောင့် မပါဝင်နိုင်ခဲ့ပဲ သူ့နေရာ မှာ Katrina Kaif က ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။     ဘောလိဝုဒ်ရုပ်ရှင်ကားတွေရဲ့ ထုံးစံအတိုင်း ဒီရုပ်ရှင်ကားထဲမှာ ဇာတ်ဝင်သီချင်း ၉ ပုဒ်ထိ ထည့်သွင်းထားခဲ့တာပါ။     မူရင်းကိုရီးယား ရုပ်ရှင်ကား Ode to My Father ဟာ ရုံတင်စံချိန်ဝင်ငွေရရှိခဲ့ပြီး အောင်မြင်ခဲ့တာမို့ ခုထွက်ရှိလာတဲ့ ဘောလိဝုဒ်ရုပ်ရှင်  Bharat ကရော စံချိန်တင်နိုင်ပါ့ မလားဆိုတာကိုလည်း စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။     ကြာမြင့်ချိန် ၁၅၅ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇွန်လ ၅ ရက်နေ့မှာ ရုံ တင်ပြသတော့မှာ ဖြစ်ပါတယ်။     မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ မြန်မာ ရုပ်ရှင်ကားတကားဖြစ်တဲ့ အယူတော်မင်္ဂလာ !     ဒီကားကိုတော့ Novel Film က တင်ဆက်လိုက်တာ ဖြစ်ပြီး ဒေါင်းဒင်္ဂါးရဲ့ ဇာတ် လမ်းကို ဒါရိုက်တာ ညိုမင်းလွင်က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။     ဒီရုပ်ရှင်ကားထဲမှာတော့ ရန်အောင်၊ မြင့်မြတ်၊ ခင်လှိုင်၊ နန်းဆုဦး၊ ပိုးအိအိခန့်၊ ထားထက်ထက်တို့နဲ့အတူ တခြားသရုပ်ဆောင်တွေ အများကြီးက ပါဝင်သရုပ်ဆောင် ထားကြတာ ဖြစ်ပါတယ်။ ကံကြမ္မာကို အကောင်းဆုံးတွေပဲ ဖြစ်ဖို့ အယူတော်မင်္ဂလာအ ရ အစီအရင်တွေနဲ့ ပြောင်းလဲတတ်တဲ့ လုပ်ငန်းရှင်သူဌေးကြီး Mr. Yes အဖြစ် ရန်အောင် က ပါဝင်ထားပြီး သူ့ရဲ့ တဦးတည်းသော သမီးနေရာမှာတော့ နန်းဆုဦးက ပါဝင်သရုပ် ဆောင်ထားပါတယ်။ ခင်လှိုင်ကိုတော့ ဒီကားထဲမှာ Fighter တယောက်အဖြစ် သရုပ် ဆောင်ထားခဲ့တာကို ရှုစားကြရမှာဖြစ်ပြီး ထားထက်ထက်ကတော့ အကြားအမြင်ဆရာမ လေးတယောက်အဖြစ် ပါဝင်ထားခဲ့တာပါ။ မြင့်မြတ်ကတော့ ကံအားကိုးသူ သူဌေးကြီး Mr. Yes ကို ဥာဏ်နဲ့ယှဉ်ပြီး အလောင်းအစားနဲ့ စိန်ခေါ်မယ့် ဝေနိုင်းနေရာက ပါဝင်ထား ခဲ့တာဖြစ်ပြီး ဘယ်လိုအားပြိုင်မှုတွေ၊ လျှို့ဝှက်မှုတွေ၊ အံ့အားသင့်စရာ ရယ်မောစရာတွေ နဲ့ ပုံဖော်ဖန်တီးထားမလဲဆိုတာကိုတော့ မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။     ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က ရန်ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရုပ်ရှင် Trailer ဟာ Facebook ပေါ်မှာ တော့ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၇ သိန်းကျော် ရှိနေခဲ့တာပါ။     ဒီကားကိုတော့ လာမယ့် ဇွန်လ ၆ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၄၅ နာရီ၊ ၁၀.၄၅ နာရီတွေမှာ DVB TV channel ကနေ ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပြီး မ ကြည့်ရှုလိုက်ရသူတွေအတွက် ကြာသပတေးနေ့မနက် ၉.၁၅ နာရီ၊ နေ့လည် ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ သောကြာနေ့ နေ့လည် ၂.၄၅ နာရီ၊ စနေနေ့ မနက် ၁၁.၄၅ နာရီနဲ့ တ နင်္လာနေ့မနက် ၉.၄၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပြသပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီး တော့ အားပေးနိုင်ပါတယ်။    
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024