မိုးကြိုးပစ်ခတ်မှုကြောင့် တရက်ထဲ လယ်သမား ၃ ဦး သေဆုံး
DVB
·
June 6, 2019
မိုးရွာသွန်းပြီး မိုးကြိုးပစ်ခတ်မှုကြောင့် ဇွန်လ ၄ ရက်နေ့ တရက်ထဲမှာ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းက လယ်သမား ၃ ဦး သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ် ပါတယ်။
လယ်လုပ်ရင်း မိုးကြိုးပစ်ခံရလို့ သေဆုံးခဲ့သူတွေကတော့ သာယာဝတီမြို့နယ်၊ ဒိုင်ဂေါင်းကျေးရွာနေ ဦးစောသာစေး(၃၆)နှစ်၊ သုံးဆယ်မြို့နယ်၊ ကြံတောကျေးရွာနေ ဦးထွန်းကြည်(၄၀)နှစ်နဲ့ မြောင်းမြမြို့နယ်၊ ပုလုကျေးရွာနေ ဦးစိုးဝင်း(ခ)ဦးအငယ် (၅၇)နှစ်တို့ ဖြစ်ကြပါတယ်။
မုတ်သုန်လေစတင်ဝင်ရောက်တဲ့ အခုလိုကာလမှာ မိုးတိမ်တောင်တွေဖြစ်ပေါ်ပြီး မိုးသက်လေပြင်းတိုက်ခတ်တာ မိုးကြိုးပစ်တာ စတဲ့ မိုးလေ၀သဖြစ်စဉ်တွေ ဖြစ်ပေါ်လေ့ရှိကာ အခုအချိန်အထိ မိုးကြိုးပစ်ခံရလို့ သေဆုံးသူပေါင်း ၄၀ လောက် ရှိနေပြီဖြစ်ပါတယ်။