ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
June 5, 2019
မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင်တအိတ်ကို ၈၂၈၀၀ ပေါက်ဈေးရှိပြီး ၄၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာလည်း မတ်ပဲ (သစ်) တအိတ်ကို ၇၈၀၀၀ ကနေ ၈၂၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၈၀၀ ကျပ် ဈေးကွာခြားပါတယ်။
ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (ဟောင်း) က ပိဿာ ၆၀ ဝင် တအိတ်ကို ၉၁၆၀၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင် အသင်းမှာတော့ တအိတ်ကို ၁၀၂၀၀၀ ကနေ ၁၀၅၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၁၃၄၀၀ ကျပ် ဈေးကွာခြားပါတယ်။
ကုလားပဲ (ဗွီတူး)
မန္တလေးကုန်စည်ဒိုင်မှာ ကုလားပဲ (ဗွီတူး) က ၅၇ ဒသမ ၂၅ ပိဿာဝင် တအိတ်ကို ၈၂၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးကျသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာ ကုလားပဲ (ဗွီတူး) တအိတ်ကို ၈၁၉၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ၁၀၀ ကျပ် ဈေးကွာခြားပါတယ်။
စားအုန်းဆီ
မန္တလေးကုန်စည်ဒိုင်မှာ စားအုန်းဆီက တပိဿာကို ၁၅၅၅ ကနေ ၁၅၆၀ အထိ ပေါက်ဈေးရှိပြီး ၁၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ စားအုန်းဆီ တပိဿာကို ၁၆၀၀ ပေါက်ဈေးရှိပြီး ၂၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် ၄၀ ကျပ် ဈေးကွာခြားပါတယ်။
ကြက်သွန်နီ
ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီတပိဿာကို ၃၅၀ ကနေ ၅၇၅ အထိ ပေါက်ဈေးရှိပြီး ၅ ကျပ် ဈေးကျသွားပါတယ်။ ဆင်ဖြူကျွန်း ကုန်စည်ဒိုင်မှာ ကြက်သွန်နီ တပိဿာကို ၄၅၀ ကနေ ၇၀၀ အထိ ပေါက်ဈေးရှိပြီး ၇၅ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူနဲ့ ဆင်ဖြူကျွန်းကုန်စည်ဒိုင် ၁၂၅ ကျပ် ဈေးကွာခြားပါတယ်။
မုန်လာဥနီ
သီရိမင်္ဂလာဈေး ကုန်စည်ဒိုင်မှာ မုန်လာဥနီ တပိဿာကို ၁၃၀၀ ကနေ ၁၅၀၀ အထိ ပေါက်ဈေးရှိပါတယ်။ အောင်ပန်းကုန်စည်ဒိုင်မှာ မုန်လာဥနီ တပိဿာကို ၆၀၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ် ဈေးတက်လာပါတယ်။ သီရိမင်္ဂလာဈေးနဲ့ အောင်ပန်းကုန်စည်ဒိုင် ၉၀၀ ကျပ် ဈေးကွာခြားပါတယ်။
ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။
သတင်း – AMIA