ဆူဒန်စစ်ကောင်စီက အတိုက်အခံနှင့် သဘောတူထားသည့် အချက်များအား ဖျက်သိမ်း

ဆူဒန်နိုင်ငံက အသွင်ကူးပြောင်းရေး စစ်ကောင်စီ (TMC) ဟာ အဓိကအတိုက်အခံ ညွန့်ပေါင်းအဖွဲ့နဲ့ အစောပိုင်းက သဘောတူထားတဲ့ အချက်တွေအားလုံးကို ဇွန်လ ၄ ရက်မှာ ဖျက်သိမ်းလိုက်ပါတယ်။ မြို့တော် ခါတွန်မှာ လူသေဆုံးတဲ့ အကြမ်းဖက်မှုတွေအပြီး ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပဖို့လည်း ဆော်သြလိုက်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန အပြင်ဘက်က အဓိက သပိတ်စခန်းကို လုံခြုံရေးတပ်ဖွဲ့တွေက လူစုခွဲဖို့ ဝင်စီးနင်းရင်း အကြမ်းဖက်မှု ဖြစ်ခဲ့တာပါ။ သမ္မတဟောင်း အိုမာ အယ်လ် ဘာရှားကို ဧပြီလက ဖယ်ရှားအပြီး အဆိုးဆုံး အကြမ်းဖက်မှုအတွင်း လူ ၃၅ ယောက်ကျော် သေဆုံးတယ်လို့ အတိုက်အခံတွေနဲ့ အဆက်အသွယ်ရှိတဲ့ ဆေးဘက်ဝန်ထမ်းတွေက ပြောပါတယ်။ လက်ရှိစစ်ကောင်စီနဲ့ အတိုက်အခံ DFCF မဟာမိတ်တို့ကြား ဆွေးနွေးပွဲတွေဟာလည်း သီတင်းပတ်ချီ ညှိနှိုင်းခဲ့ပေမယ့် သောင်မတင်ရေမကျ ဖြစ်နေဆဲပါ။ ဒုဗိုလ်ချုပ်ကြီး အဘ်ဒယ်ဖာတာ အယ်လ်ဘာဟန်ကတော့ စီးနင်းမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမယ်လို့ ကတိပြုထားပါတယ်။ စစ်ကောင်စီဟာ အာဏာကို ဆက်ကိုင်စွဲထားဖို့ မရည်ရွယ်ဘူးလို့လည်း သူက ထပ်ပြောပါတယ်။ ဒေသတွင်းနဲ့ နိုင်ငံတကာ လေ့လာစောင့်ကြည့်သူတွေရဲ့ ကြီးကြပ်မှုအောက်မှာ ၉ လအတွင်း အထွေထွေရွေးကောက်ပွဲတွေကို ကျင်းပမယ်လို့လည်း သူက ကတိပြုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up