A d v e r t i s e m e n t With Us

လိင်အလုပ်သမားတွေကို ရာဇ၀တ်သားတွေလို သဘောမထားဖို့ ကုလသမဂ္ဂ တိုက်တွန်း

အာရှတလွှားမှာ အေ့စ်ရောဂါ ကူးစက်ပျံ့နှံ့မှုတိုက်ဖျက်ရေးအတွက် ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်အသိအမှတ်ပြုဖို့ ကုလသမဂ္ဂက အစီရင်ခံစာတခုထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။ ပြည့်တန်ဆာလုပ်ငန်းကို ပိတ်ပင်ထားမယ်ဆိုရင် လုပ်ငန်းအပေါ်မှာ မကောင်းမြင်တာတွေနဲ့ ဥပဒေဘောင်မ၀င်တာကြောင့် လိင်အလုပ်သမားများမှာ ပြုသမျှနုရမယ့် အခြေအနေရောက်ရတယ်လို့ သုတေသန စစ်တမ်းကောက်သူတွေက ဆိုကြပါတယ်။ ထိုင်းနိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်းကို တရားမ၀င်ဖြစ်နေသေးတာကြောင့် လိင်အလုပ်သမတွေဟာ ဆေးဝါးအထောက်အပံ့တွေ မရရုံသာမက၊ အနိုင်အထက်ပြုကျင့်တာတွေကိုလည်း ခံစားနေရပါတယ်။ ဒီအကြောင်း ရွန်ကောဘန်းက ဘန်ကောက်ကနေ သတင်းပေးပို့ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up