ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
June 4, 2019
မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင်တအိတ်ကို ၈၃၂၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာလည်း မတ်ပဲ (သစ်) တအိတ်ကို ၇၈၀၀၀ ကနေ ၈၂၀၀၀ အထိ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၁၂၀၀ ကျပ် ဈေးကွာခြားပါတယ်။
ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ အသစ်က ပိဿာ ၆၀ ဝင် တအိတ်ကို ၉၁၇၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင် အသင်းမှာတော့ တအိတ်ကို ၁၀၂၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၁၀၃၀၀ ကျပ် ဈေးကွာခြားပါတယ်။
ပဲတီစိမ်း
မန္တလေးကုန်စည်ဒိုင်မှာ ပဲတီစိမ်းက ၅၆ ဒသမ ၂၅ ပိဿာဝင်တအိတ်ကို ၁၁၀၀၀၀ ကနေ ၁၁၅၃၀၀ အထိ ပေါက်ဈေးရှိပြီး ၂၃၀၀ ကျပ် ဈေးတက်လာပါတယ်။ ဆင်ဖြူကျွန်း ကုန်စည်ဒိုင်မှာ ပဲတီစိမ်းတအိတ်ကို ၁၁၂၅၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ ဆင်ဖြူကျွန်းကုန်စည်ဒိုင် ၂၈၀၀ ကျပ် ဈေးကွာခြားပါတယ်။
ကုလားပဲ (ဟော်လန်)
ပေါင်းတည်ကုန်စည်ဒိုင်မှာ ကုလားပဲ (ဟော်လန်) က ပိဿာ ၆၀ ဝင်တအိတ်ကို ၉၀၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ဆင်ဖြူကျွန်း ကုန်စည်ဒိုင်မှာ ကုလားပဲ (ဟော်လန်) တအိတ်ကို ၈၁၀၀၀ ပေါက်ဈေးရှိပါတယ်။ ပေါင်းတည်နဲ့ ဆင်ဖြူကျွန်း ကုန်စည်ဒိုင် ၉၀၀၀ ကျပ် ဈေးကွာခြားပါတယ်။
ပဲထောပတ်
မန္တလေးကုန်စည်ဒိုင်မှာ ပဲထောပတ်က ၅၆ ဒသမ ၂၅ ပိဿာဝင်တအိတ်ကို ၈၈၀၀၀ ကနေ ၁၀၅၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ပဲထောပတ်တအိတ်ကို ၉၀၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ၁၅၀၀၀ ကျပ် ဈေးကွာခြားပါတယ်။
နှမ်းညို
မန္တလေးကုန်စည်ဒိုင်မှာ နှမ်းညိုက ၄၅ ပိဿာဝင်တအိတ်ကို ၁၆၃၀၀၀ ကနေ ၁၆၅၅၀၀ အထိ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ နှမ်းညိုတအိတ်ကို ၁၆၃၅၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ၂၀၀၀ ကျပ် ဈေးကွာခြားပါတယ်။
ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။
သတင်း – AMIA