ဒုံးခွင်းဒုံးသစ် စမ်းသပ်ပစ်လွှတ်သည့် ဗွီဒီယို ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

ကာဇက်စတန်နိုင်ငံရှိ ဆယ်အီရှက်ဂန် ဒုံးကျည်စမ်းသပ်နေရာကနေ ဒုံးခွင်းဒုံးသစ် စမ်းသပ်ပစ်လွှတ်တဲ့ ဗွီဒီယိုကို ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဗွီဒီယိုထဲမှာ အဲဒီဒုံးခွင်းဒုံးကို ကားလ်မာ့က်စ်ယာဉ်နဲ့ စမ်းသပ်နေရာဆီ သယ်ဆောင်လာပြီး ဒုံးပစ်စင်မှာ တပ်ဆင်ခဲ့ပါတယ်။ အဲဒီ ဒုံးခွင်းဒုံးဟာ နိုင်ငံရဲ့ ဒုံးကျည်ကာကွယ်ရေးစနစ် တစိတ်တပိုင်း ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ၂၀၁၈ ခုနှစ်က ရုရှား ကာကွယ်ရေးဝန်ကြီးဌာနဟာ ဆယ်အီရှက်ဂန် ဒုံးကျည်စမ်းသပ်နေရာမှာ ဒုံးခွင်းဒုံး နှစ်ကြိမ်ထက်မနည်း စမ်းသပ်ခဲ့ပါတယ်။ အဲဒီ စမ်းသပ်ဒုံးကျည်တွေကို မြို့တော် မော်စကိုကို ကာကွယ်ဖို့ ဖြန့်ကြက်ထားပြီး အဲဒီ ဒုံးကျည်ကာကွယ်ရေး စွမ်းရည်မှာ အလားအလာရှိတဲ့ လေကြောင်းတိုက်ခိုက်ရန်ကနေ ကာကွယ်ဖို့ နျူထိပ်ဖူးတပ် တာတိုပစ် ကြားဖြတ်ကျည်တွေတပ်ထားတဲ့ A-135 စနစ် ပါဝင်ပါတယ်။ အခု ဒုံးခွင်းဒုံး စမ်းသပ်ပစ်လွှတ်မှုဟာ အောင်မြင်တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up