မန်ယူနိုက်တက် ခေါ်ချင်သည့် ပီအက်စ်ဂျီ ကွင်းလယ်လူ ရာဘီယော့ လီဗာပူးသို့သာ ပြောင်းရွှေ့လို

မန်ယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီက ရာဘီယော့ကို ခေါ်ယူလိုပေမယ့် ကစားသမားကိုယ်တိုင်က လီဗာပူးကို ပြောင်းရွှေ့လိုနေတာကြောင့် အခက်တွေ့နေပါတယ်။ အသက် ၂၄ နှစ်ရှိ ပြင်သစ်ကွင်းလယ်လူ ရာဘီယော့ဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီး အသင်းနဲ့လည်း အဆင်မပြေ ဖြစ်ခဲ့တာကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ရမှာ ဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ရာဘီယော့အတွက် လက်မှတ်ထိုးကြေး ပေါင် ၄ ဒသမ ၅ သန်းအပြင် တပတ်လုပ်ခ ပေါင် ၁ သိန်း ၇ သောင်းအထိပေးပြီး ကမ်းလှမ်းဖို့ လုပ်ဆောင်ပေမယ့် ကစားသမား ကိုယ်တိုင်က လီဗာပူးအသင်းဆီ ပြောင်းရွှေ့လိုတယ်လို့ သိရပါတယ်။ ရာဘီယော့ဟာ ၂၀၁၂ ကတည်းက ပီအက်စ်ဂျီအသင်းမှာ ပွဲထွက်ကစားခဲ့ပြီး စုစုပေါင်း ၂၂၄ ပွဲမှာ ၂၄ ဂိုးသွင်းပြီး ခြေစွမ်းပြခဲ့ပါတယ်။ တခြား ထိပ်တန်းကလပ်တွေဖြစ်တဲ့ ဘာစီလိုနာ၊ ဂျူဗင်တပ်နဲ့ စပါးအသင်းတွေကလည်း သူ့ကို ခေါ်ယူလိုနေကြတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up