ဟာဇက် အပြောင်းအရွှေ့အတွက် ချဲလ်ဆီးနှင့် ရီးရဲလ်မက်ဒရစ် ဆွေးနွေး

ဟာဇက်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ချဲလ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးနေပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဟာဇက်ကို ခေါ်ယူနိုင်ဖို့အတွက် လန်ဒန်မြို့ကို လာရောက် ဆွေးနွေးနေတာဖြစ်ပြီး ပေါင် ၁၀၆ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဟာဇက်ဟာ ယူရိုပါလိဂ်ဖလား ရယူအပြီးမှာ အသင်းကနေ ထွက်ခွာဖို့ အချိန်တန်ပြီလို့ အတိအလင်း ပြောထားပါတယ်။ သတင်းတွေအရ ရီးရဲလ်အသင်း အထွေထွေဒါရိုက်တာ ဟိုဆေးလ်အိန်ဂျယ်ဆန်းချက်ဇ်ဟာ ချဲလ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ ညှိနှိုင်းဆွေးနွေးမှု တာဝန်ခံ မာရင်နာနဲ့ လန်ဒန်မြို့မှာ တွေ့ဆုံဆွေးနေတယ်လို့ ဆိုပါတယ်။ ရီးရဲလ်အသင်းဟာ ဟာဇက်ကို အမြန်ဆုံးခေါ်ယူပြီး ရာသီကြို ခြေစမ်းပွဲတွေမှာ အသုံးပြုသွားဖို့ ရည်မှန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up