DVB

Eng
TV News
  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
DVB

Lead Story စစ်ရေး သတင်း

အေအေရခိုင်မှာ အခြေစိုက်ခြင်း လက်မခံဟု တပ်မတော်ပြောကြားချက် ခိုင်သုခ တုံ့ပြန်

  • By DVB
  • 3 June 2019
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

ရက္ခိုင့်တပ်တော် (အေအေ) ရခိုင်ပြည်နယ်အတွင်း အခြေစိုက်ခြင်းကို လက်မခံဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ပြောဆိုချက်ဟာ ငြိမ်းချမ်းကို လိုလားခြင်းမရှိတာ ပေါ်လွင်နေကြောင်း အေအေပြောခွင့်ရသူက ဒီနေ့ ပြန်လည်တုံ့ပြန် ပြောပါတယ်။

အေအေ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက “ပထမတချက်အနေနဲ့ ပြောချင်တာက ဗမာစစ်တပ်ဘက်က အေအေကို ရခိုင်ပြည်မှာ လက်မခံဘူးလို့ ပြောတဲ့ဥစ္စာက သူတို့ကနေပြီးတော့ ငြိမ်းချမ်းရေးလိုချင်တဲ့ ဆန္ဒမရှိဘူးဆိုတဲ့ဥစ္စာကို ဖော်ပြနေတာဖြစ်တယ်။ နောက်တခုက ပြည်သူလုထုရဲ့ဆန္ဒတွေကို ဆန့်ကျင်နေတာလို့ မြင်တယ်။ ဘာလို့ဆိုတော့ ရခိုင်ဒေသမှာ ရက္ခိုင့်တပ်တော် အေအေဟာ ရခိုင်ဒေသမှာ မရှိမဖြစ်လိုအပ်နေတဲ့ Institution တခုဖြစ်တယ်။”

ဒါ့အပြင် ရက္ခိုင့်တပ်မတော်ကို မြန်မာတပ်မတော်ဘက်က လက်ခံစရာ မလိုကြောင်း၊ ရခိုင် လူထုကသာ လက်ခံဖို့လိုကြောင်းနဲ့ ရခိုင်ပြည်နယ်အနှံ့မှာ နေရာယူကာ အခြေစိုက်ထားပြီ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

“ဗမာစစ်တပ်က သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ရက္ခိုင့်တပ်တော်အနေနဲ့ ရခိုင်ပြည်မှာ ရာသက်ပန်ရှိနေမှာပဲ လက်ခံတာ မခံတာကတော့ သူတို့အပိုင်းပေါ့” ရခိုင့်တပ်တော်က ရခိုင်ပြည်မှာ အခြေစိုက်ထားပြီးပြီ။ ရခိုင်ပြည်အနှံ့မှာ ကျနော်တို့ နေရာယူထားပြီးပြီ။”

အေအေ တောင်းဆိုတဲ့ ကွန်ဖက်ဒရေးရှင်းနဲ့ ရခိုင်ပြည်နယ်မှာ အခြေစိုက်တာကို လုံးဝလက်မခံဘူးလို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်မှာ ဇွန်လ ၂ ရက်နေ့က ပြုလုပ်တဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦးက “နံပါတ် ၁ သူတို့ပြောတဲ့ ကွန်ဖက်ဒရေးရှင်း၊ ဒီကိစ္စကို ကျနော်တို့ လုံးဝလက်မခံပါဘူး။ နောက်တခုက ရခိုင်ဒေသမှာ အေအေ အခြေခံတာကို လုံးဝ လက်မခံပါဘူး၊ ဒါကတော့ တပ်မတော်ရဲ့ သဘောထား ဖြစ်ပါတယ်။”

လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေကြောင့် စစ်ရှောင်ဒုက္ခသည် ၄၀၀၀၀ ကျော် တိမ်းရှောင်နေကြရပါတယ်။

ဒီကနေ့မှာလည်း မင်းပြားမြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စပါးထားကျေးရွာက ဒေသခံအရပ်သား ၅ ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိနေသလို ရွာသားတွေလည်း ထွက်ပြေးနေကြပါတယ်။

ဝဏ္ဏခွာညို

Tags: အေအေရခိုင်မှာ အခြေစိုက်ခြင်း လက်မခံဟု တပ်မတော်ပြောကြားချက် ခိုင်သူခ တုံ့ပြန်

  • Previous story အမေရိကန်သံအမတ် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ
  • Next story တပ်ကုန်းမြို့နယ်တွင် ကားတစီး ရေစီးနှင့်မျောပါပြီး သဲထဲနစ်မြုပ်
  • Facebook

    Facebook

    Jobs at DVB

    Ethnic

    သုတကဖေး

    DVB SMS

  • သတင်းဓာတ်ပုံ

    • gallery

      နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထောက်ခံပွဲ ဒေးဒရဲမြို့တွင်ကျင်းပ 

    • gallery

      အိုင်စီဂျေ တရားရုံးစိုက်ရာ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ မြင်ကွင်း (ဓာတ်ပုံ)

    • gallery

      နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုထောက်ခံပွဲ ပဲခူးမြို့တွင်ကျင်းပ

    • gallery

      နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့  သည်ဟိတ်ဂ်မြို့သို့ရောက်ရှိ 

    • gallery

      မြစ်ကြီးနားမြို့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထောက်ခံပွဲ (ဓာတ်ပုံ)

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 အိတ်ထဲက သိန်းခြောက်သောင်းခွဲ ပျောက်ဆုံးသွားခြင်း
    • 02 ဘုတလင်မြို့နယ်တွင် သားအမိ ၂ ဦး အသတ်ခံရ
    • 03 စိုင်းထီးဆိုင်ရဲ့ ‘ဒီဆောင်းတစ်ည’သီချင်းကို ကိုယ်ပိုင်ဟန်ဖြင့် အစွမ်းပြသီဆိုခဲ့သူ အေးမြဖြူ(ရုပ်သံ)
    • 04 မြေပုံထိပ်ဖျား သဘာဝအလှတရား (ဓာတ်ပုံ)
    • 05 ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပု ပြပွဲ၊ ပြိုင်ပွဲနှင့် အရောင်းပွဲတော် ပဲခူးတွင် ကျင်းပ (ဓာတ်ပုံ)
    • 01 ဆီးဂိမ်းစ်ပြိုင်ပွဲဝင်ရန် မသက်ထားသူဇာ ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာ
    • 02 အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) နှစ် ၂၀ ပြည့်ပွဲကျင်းပ (ဓာတ်ပုံ)  
    • 03 ပန်းတောင်းမြို့နယ်တွင် လေးကောင်ဂျင်ဝိုင်းနှင့် ကြက်ဝိုင်းကို ဝင်ရောက်ဖမ်းဆီး 
    • 04 ရုရှားမှ တရုတ်ကို ပို့ဆောင်မည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖွင့်လှစ်
    • 05 အင်တာမီလန်က အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူရန် ပြင်ဆင်
    • 01 အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) နှစ် ၂၀ ပြည့်ပွဲကျင်းပ (ဓာတ်ပုံ)  
    • 02 မိန်းကလေးများကို ခေါင်းဆောင်မှုပညာသင်ပေးရန် မယ်စကြဝဠာဆုရှင် တိုက်တွန်း (ရုပ်သံ) 
    • 03 နယူးဇီလန်မီးတောင်ပေါက်ကွဲမှု လူ ၅ ဦးသေ
    • 04 အာတီယာမုန်တိုင်းကြောင့်  ဗြိတိန်နှင့်အိုင်ယာလန်မှ လေကြောင်းခရီးများ ဖျက်သိမ်း
    • 05 နေထိုင်ရန်မကောင်းဆုံး မြို့စာရင်းတွင် ပါဝင်မှုအပေါ် ရန်ကုန်မြို့တော်ဝန် တုံ့ပြန်
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.