ဂရစ်ဇ်မန်းကို ခေါ်ရန် ကြိုးပမ်းခဲ့သည့် ဘာစီလိုနာကို ဥပဒေအရ တိုင်ကြားမည်

အန်တိုနီယိုဂရစ်ဇ်မန်းကို ခေါ်ယူနိုင်ဖို့ အားထုတ်ကြိုးပမ်းခဲ့တဲ့ ဘာစီလိုနာအသင်းကို ဥပဒေအရ တိုင်ကြားသွားဖို့ရှိတယ်လို့ အက်သလက်တီကိုမက်ဒရစ် အသင်းက ထုတ်ပြန် ကြေညာလိုက်ပါတယ်။ ပုံပြင်တပုဒ်လို ဖြစ်နေခဲ့တဲ့ ဂရစ်ဇ်မန်းရဲ့ ဘာစီလိုနာအသင်းထံ အပြောင်းအရွှေ့ဟာ မကြာသေးခင်က အပြီးသတ်နိုင်ခဲ့ပြီး ပေါင် ၁ဝ၆ သန်းလောက်နဲ့ ကတ်တလန် အခြေစိုက် အသင်းဆီ ရောက်ရှိဖို့ သေချာသလောက် ဖြစ်နေပါတယ်။ အက်သလက်တီကိုအသင်းကတော့ ဘာစီလိုနာအသင်း အနေနဲ့ ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တဲ့ပုံစံကို ကျေနပ်ပုံမရတာကြောင့် တိုင်ကြားဖို့ စဉ်းစားနေတာလို့ သိရပါတယ်။ ပြင်သစ်လက်ရွေးစင် ဂရစ်ဇ်မန်းဟာ ပြီးခဲ့တဲ့ ၂ဝ၁၈ နွေရာသီ အပြောင်းအရွှေ့မှာတည်းက ဘာစီလိုအသင်းကို ရောက်ဖို့ အခြေအနေ ကောင်းခဲ့ပေမယ့် သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေး မြင့်မားမှုကြောင့် အက်သလက်တီကို အသင်းမှာပဲ ဆက်ကစားခဲ့ရတာပါ။ ဂရစ်ဇ်မန်းသာ ဘာစီလိုနာအသင်းကို ရောက်ရှိခဲ့မယ်ဆိုရင်တော့ အဝတ်လဲခန်း အတွင်းမှာ အုပ်စုနှစ်စု ကွဲသွားနိုင်တဲ့ အခြေအနေတွေ ရှိနေသလို နှစ်ဖက် အသင်းပရိသတ်တွေရဲ့ အမျက်ဒေါသကို တမျိုးစီ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ကတည်းက ဘာစီလိုနာအသင်းကို ရောက်ဖို့ နီးစပ်ခဲ့တဲ့ ဂရစ်ဇ်မန်းကို ဘာစီလိုနာ ကစားသမားတချို့က မခေါ်ယူစေချင်ဘူးလို့ သိရပေမယ့် ခရိုအေးရှား ကွင်းလယ်လူ ရာကီတစ်ကတော့ ဂရစ်ဇ်မန်းကို ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ကစားတဲ့အချိန်မှ ကြိုက်နှစ်သက်သွားခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ထိပ်တန်းကစားသမားဖြစ်လို့ အသင်းမှာ မြင်တွေ့လိုတယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up