ရခိုင်ပဋိပက္ခ အစီရင်ခံစာ အချောသတ်
DVB
·
November 14, 2012
ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဟာ သမ္မတဆီ တင်ပြမယ့် အစီရင်ခံစာကို ဒီနေ့ ညနေ စုံညီ အစည်းအဝေးထိုင် အချောသတ်ခဲ့ကြောင်း ကော်မရှင် အဖွဲ့ဝင်တဦးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဒီဗွီဘီကို ပြောပါတယ်။
အစီရင်ခံစာ အချောသတ်ဖို့ ကော်မရှင် စုံညီအစည်းအဝေး လုပ်ချိန်ထိ ကော်မရှင် အဖွဲ့ဝင် ၂ ယောက်ကို ဘာကြောင့် ထုတ်ပယ်ရသလဲ ဆိုတာ သမ္မတ ရုံးက အကြောင်းပြန်တာ မရှိသေးဘူးလို့ ပြောပြပါတယ်။
အစီရင်ခံစာမှာ ဘာတွေပါတယ်၊ ဘယ်လို ဖော်ပြထားတယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုလို့ မရသေးဘူးလို့ ဦးခင်မောင်ဆွေက ပြောပါတယ်။ ကော်မရှင်ဟာ ဒီအစီရင်ခံစာကို နိုဝင်ဘာ ၁၆ ရက် သမ္မတဆီ တင်ပြမှာ ဖြစ်ပါတယ်။