Home
မြန်မာသတင်း
မြစ်ငယ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်အချို့ ရေနစ်မြုပ်
Aung Aung Naing
·
June 2, 2019
မန္တလေးတိုင်း၊ မြစ်ငယ်မြို့ အောင်ချမ်းသာ တောင်ရပ်ကွက်မှာ ဇွန်လ ၂ ရက်နေ့ မနက်ပိုင်းက မိုးသည်းထန်ရွာခဲ့တာကြောင့် နေအိမ် ၇ လုံး ရေနစ်မြုပ်ခဲ့ပါတယ်။ မြစ်ငယ်မြို့ အောင်ချမ်းသာ တောင်ရပ်ကွက်က နေအိမ်ရေနစ်မြုပ်နေတဲ့ ဦးလှဌေးက “ကျနော်တို့ဆိုရင် မိုးညိုလာရင်ကို ပစ္စည်းတွေရွှေ့ဖို့ ပြောင်းဖို့ပြင်နေရတာက မိုးညိုတိုင်းပါပဲ။ ကျောင်းတွေကလည်း ဖွင့်တော့မှာဆိုတော့ အိမ်ကကျောင်းသားတွေအတွက် စိတ်ပူမိတယ်လေ။ သွေးလွန်တုပ်ကွေးများဖြစ်မှာလား ဝမ်းတွေများ လျောမလားဆိုပြီးတော့ စိုးရိမ်မိတယ်။ အခုလို ရေမမြုပ်အောင်တော့ သက်ဆိုင်ရာက ကူညီပေးပါ” လို့ မြစ်ငယ်မြို့ အောင်ချမ်းသာ တောင်ရပ်ကွက်က နေအိမ်ရေနစ်မြုပ်နေတဲ့ ဦးလှဌေးက ပြောပါတယ်။ အောင်ချမ်းသာ တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်စိုးက ရေနစ်မြုပ်တဲ့နေအိမ် ၇ လုံးက အိမ်ထောင်စု ၉ စု၊ လူဦးရေ ၄၂ ဦး အခက်အခဲ ကြုံတွေ့နေရတာကြောင့် ရေစက်တွေနဲ့ ရေစုပ်ထုတ်ပေးနေတယ်လို့ ပြောပါတယ်။ မြစ်ငယ်မြို့ အောင်ချမ်းသာ တောင်ရပ်ကွက်ဟာ မိုးရွာတိုင်း ရေဝင်နေတဲ့ ရပ်ကွက်တခု ဖြစ်သလို ဇွန်လ ၂ ရက်နေ့ကလည်း မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် ဆိုင်ကယ် ၂ စီး ရေနစ်မြုပ်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024