မန်ယူနှင့် ချဲလ်ဆီး ကော်တင်ဟိုကို ခေါ်ယူရန် ပစ်မှတ်ထား

2.3K
ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ဟာ ဘရာဇီးကစားသမား ကော်တင်ဟိုကိုခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
ဘာစီလိုနာအသင်းကလည်း အသက် ၂၆ နှစ်အရွယ် ကွင်းလယ်သမား ကော်တင်ဟိုကို ပြောင်းရွှေ့ကြေး ကြီးကြီးမားမားနဲ့ ကမ်းလှမ်းရင် လက်ခံဖွယ်ရှိတယ်လို့ ဒေလီးစတား သတင်းမှာ ဖော်ပြထားပါတယ်။
ကော်တင်ဟိုရဲ့ ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၁ဝဝ လောက်ရရင် ဘာစီလိုနာက ရောင်းထုတ်နိုင်ဖွယ် ရှိတယ်လို့လည်း ခန့်မှန်းထားပါတယ်။
ချဲလ်ဆီးကတော့ ရီးရဲလ်ကို ပြောင်းရွှေ့သွားတဲ့ ကွင်းလယ်သမား ဟာဇက်ရဲ့ နေရာမှာ အစားထိုးခေါ်ယူနိုင်ဖို့ မျှော်လင့်ထားပါတယ်။
မန်ယူကတော့ အသင်းမှာ မတည်မငြိမ်ဖြစ်နေတဲ့ ကွင်းလယ်သမား ပေါဘာရဲ့ နေရာမှာ ကော်တင်ဟိုနဲ့ အစားထိုးနိုင်ဖို့ ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။