A d v e r t i s e m e n t With Us

မြန်မာ့ခရီးသွားလုပ်ငန်း မဟာစီမံကိန်းအတွက် နော်ဝေနိုင်ငံ ကူညီမည်

မြန်မာ့ခရီးသွားလုပ်ငန်း မဟာစီမံကိန်းကို လာမယ့်နှစ် မတ်လကုန် အပြီးသတ် ရေးဆွဲနိုင်ဖို့အတွက် အစိုးရကို နော်ဝေနိုင်ငံက အမေရိကန်ဒေါ်လာ ၂ သိန်း ၂ သောင်း ၅ ထောင် ကူညီမယ်လို့ ခရီးသွားဝက်ဘ်ဆိုဒ်တခုမှာ ဖော်ပြထားပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးပိုင်းမှာ ရေရှည်ဖွံ့ဖြိုးမှု ကဏ္ဍအဖြစ် လမ်းညွှန်ပေးမယ့် ခရီးသွား မဟာစီမံကိန်းကို ဟိုတယ်နဲ့ခရီးသွားလုပ်ငန်း ၀န်ကြီးဌာနနဲ့ အာရှဖွံဖြိုးရေးဘဏ်တို့ရဲ့ ပူးပေါင်းပါဝင် ကူညီမှုနဲ့အတူ သမဆတ်တက္ကသိုလ်ရဲ့ ဆန်းသစ်တီထွင်မှုဌာနမှ အဖွဲ့တဖွဲ့က ရေးဆွဲမှာဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ခရီးသွားမဟာစီမံကိန်းမူကြမ်းကို ၂၀၁၃ ဇန်န၀ါရီ ၃၁ မှာ တင်ပြမှာဖြစ်ပြီး မတ်လကုန်မှာ အပြီးသတ်မှာလို့ အဖွဲ့ခေါင်းဆောင် ဒေါက်တာ ပေါလ် ရိုဂါစ်က နိုဝင်ဘာလ ၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ စီမံကိန်းရေးဆွဲမယ့်အဖွဲ့ဟာ ၄ ပတ်တာ အချက်အလက် ရှာဖွေစုဆောင်းခြင်း ခရီးစဉ်မှာ နေပြည်တော်၊ အင်းလေးကန်၊ တာချီလိတ်၊ ကျိုင်းတုံ၊ ကော့သောင်း၊ ရန်ကုန်နဲ့ ကျိုက်ထီးရိုးဒေသတွေက လူ ၁၅၀ ကျော်ကို ဆွေးနွေးတိုင်ပင် အကြံဥာဏ် ရယူပြီးနောက် ခုလို ကြေညာချက်ထွက်လာတာပါ။

A d v e r t i s e m e n t With Us

More News
Up