ပြင်သစ်အိုးပန်းတွင် နာမည်ကြီး နဒါးနှင့် ဖက်ဒရာတို့ စတုတ္ထအဆင့် တက်လှမ်း

ပြင်သစ်အိုးပန်း တင်းနစ်ပြိုင်ပွဲ တတိယအဆင့်မှာ လက်ရှိ ချန်ပီယံ ရာဖယ် နဒါးက ဘယ်လ်ဂျီယံက ဒေးဗစ် ဂေါ်ဖင်ကို အနိုင်ရပါတယ်။ စပိန်နိုင်ငံသား နဒါးဟာ ဂေါ်ဖင်ကို ၄ ပွဲအထိ ယှဉ်ပြိုင်ခဲ့ရပါတယ်။ ပထမပွဲကို ၆ - ၁၊ ဒုတိယပွဲကို ၆ - ၃ နဲ့ နဒါးက အနိုင်ခဲ့ပါတယ်။ တတိယပွဲမှာ ဂေါ်ဖင်က ၆ - ၄ နဲ့ အနိုင်ရပြီး နောက်ဆုံးပွဲမှာတော့ မြေစေးကွင်းမှာ နာမည်ကြီးတဲ့ နဒါးက ၆ - ၃နဲ့ အနိုင်ယူပြီး စတုတ္ထအဆင့်ကို တက်လှမ်းသွားပါတယ်။ နာမည်ကြီး ရော်ဂျာ ဖက်ဒရာလည်း တတိယအဆင့် ပြင်သစ်အိုးပန်းမှာ နော်ဝေက ကပ်စ်ပါရုကို အနိုင်ရခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသား ဖက်ဒရာက ၃ ပွဲပြတ်နဲ့ အသက် ၂၀ အရွယ် နော်ဝေနိုင်ငံသားကို အနိုင်ရပြီး စတုတ္ထအဆင့်ကို တက်ရောက်သွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up