ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရုရှားမော်ဒယ် ကွင်းထဲဝင်ပြေး

4.8K
ဘောလုံးဝါသနာရှင်တွေ စိတ်ဝင်တစားစောင့်ကြည့်ခဲ့ကြတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ မှာတော့ နောက်ထပ် စိတ်ဝင်စားစရာ ဖြစ်ရပ်တခုဖြစ်ပွားခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ ပရိသတ်တွေအတွက် ပိုပြီးစိတ်ဝင်စားစရာဖြစ်ရပ်လို့ ဆိုရင်လည်း မမှားပါဘူး။
ရုရှားမော်ဒယ်တဦးဖြစ်တဲ့ ကင်ဆေးဝိုလန်စကီးဟာ လီဗာပူးနဲ့ စပါးတို့ ယှဉ်ပြိုင်ကစားနေတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကျင်းပနေချိန် ပထမပိုင်းမှာ မြက်ခင်းပြင်ပေါ် ကျူးကျော်ဝင်ရောက်ခဲ့ပါတယ်။
သူဟာ ရင်ဘတ်မှာ ဗစ်တာလီအန်ဆင်ဆာ စာတမ်းပါ ရေကူးဝတ်စုံကိုဝတ်ဆင်ခဲ့ပြီး ကစားသမားတွေအကြားမှာ ပြေးလွှားခဲ့တာလည်း ဖြစ်ပါတယ်။
သူမရဲ့ရည်ရွယ်ချက်ကတော့ ချစ်သူ ဗစ်တာလီ ဒိုရိုဗက်စကီးရဲ့ X အဆင့် သတ်မှတ်ချက်ရှိ ဟာသဝက်ဘ်ဆိုက်ကို ကြော်ညာဖို့အတွက် ဖြစ်ပါတယ်။
သူမကို တာဝန်ကျလုံခြုံရေးတဦးက ချက်ချင်းလိုက်လံဖမ်းဆီးနိုင်ခဲ့ပြီး ကွင်းပြင်ပကို ပြန်လည်ခေါ်ထုတ်သွားနိုင်ခဲ့ပါတယ်။
ဝိုလန်စကီးရဲ့ လုပ်ရပ်နဲ့ပတ်သတ်ပြီး ချစ်သူဒိုရိုဗက်စကီးကတော့ လက်ထပ်ဖို့ မစောင့်နိုင်တော့ဘူးဆိုပြီး တွစ်တာပေါ်တင်ခဲ့ပါတယ်။
ဒရိုဗက်စကီးဟာလည်း ၂၀၁၄ ခုနှစ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ မြက်ခင်းပြင်ထိ ဝင်ရောက်ပြီး ရင်ဘတ်ပေါ်မှာ မွေးရာပါ ဟာသလူရွှင်တော်လို့ ရေးသားပြီး ကြော်ငြာခဲ့ပါသေးတယ်။