အာဆင်နယ် ကစားသမားဟောင်း ရီရက်စ် ယာဉ်မတော်တဆမှုကြောင့် သေဆုံး

အာဆင်နယ် ကစားသမားဟောင်း တိုက်စစ်မှူး ဂျိုဆေ အန်တိုနီယို ရီရက်စ်ဟာ ဇွန် ၁ ရက်နေ့က ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားပါတယ်။ အသက် ၃၅ နှစ်အရွယ် ရီရက်စ် ယာဉ်မတော်တဆမှုနဲ့ သေဆုံးသွားတာကို စပိန်လာလီဂါကလပ် ဆီဗီလာက တွစ်တာကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ်သာ ရှိသေးတဲ့ အာဆင်နယ်နဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်း ရီရက်စ်ဟာ စပိန်နိုင်ငံဆီဗီလာမြို့က ယူထရီယာပြည်နယ်မှာ ယာဉ်တိုက်မှုဖြစ်ပြီး ဆုံးပါးသွားတာလည်း ဖြစ်ပါတယ်။ စပိန် ကစားသမား ရီရက်စ်ဟာ လာလီဂါကနေ ၂၀၀၄ မှာ အာဆင်နယ်ကို ရောက်ရှိလာပြီး အဲဒီနှစ်မှာပဲ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၂၀၀၆၊ ၂၀၀၇ ရာသီမှာ ရီးရဲလ်မက်ဒရစ်ကို အငှားနဲ့ ရောက်ရှိပြီး စပိန်လာလီဂါဆုကို ရယူခဲ့ပါတယ်။ အဲဒီနောက် ရီရက်စ်ဟာ ယူရိုပါလိဂ်ဖလားကို အက်သလက်တီကို မက်ဒရစ်မှာ ၂ ကြိမ်၊ ဆီဗီလာမှာ ၃ ကြိမ် အသီးသီး ရရှိထားပါတယ်။ တိုက်စစ်မှူး ရီရက်စ်ဟာ လက်ရှိမှာ စပိန်ဒုတိယတန်းကလပ်တခုမှာ ကစားနေတုန်းမှာ ကားမတော်တဆမှုနဲ့ သေဆုံးခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up