DVB

Eng
TV News
  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
DVB

Lead Story မှုခင်း သတင်း

ဧရာဝတီတိုင်းတွင် မှုခင်းဖြစ်ပွားမှု ပိုတိုးလာ၊ မူယစ်ဆေးဝါးမှု အများဆုံးဖြစ်

  • By DVB
  • 1 June 2019
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

ဧရာဝတီတိုင်းမှာ တနှစ်ထက်တနှစ် မှုခင်းဖြစ်ပွားမှု တိုးလာပြီး မူးယစ်ဆေးဝါးမှုခင်းက ပိုများတယ်လို့ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးက ပြောပါတယ်။

ဧရာဝတီတိုင်း ကျိုက်လတ်မြို့နယ်၊ ရုံးဒေါင့်ကျေးရွာမှာ မေ ၃၁ ရက်နေ့ ပြုလုပ်တဲ့ ဧရာဝတီတိုင်းအစိုးရအဖွဲ့နဲု့ပြည်သူလူထု တွေ့ဆုံပွဲမှာ အခုလို ပြောခဲ့တာပါ။

တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်က “တိုးလားတဲ့ မှုခင်းတွေအထဲ ကြည့်မယ်ဆိုရင် မူးယစ်ဆေးဝါးတွေ မှုခင်းတွေက များပြားလာပါတယ်။ တဖက်ကလည်း ခိုး၊ ဆိုး၊ နှိုက်တွေ များလာတာတွေ့ရပါတယ်၊ ၂၀၁၇ ခုနှစ်မှာ အမှုပေါင်း ၆၀၊ ၂၀၁၈ ခုနှစ်မှာ အမှုပေါင်း ၁၈၀ ၊၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ မေလအထိ အမှုပေါင်း ၈၀ တောင် တွေ့ရပါတယ်။ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ကျနော်တို့ ပြည်သူဆီက ဘာလိုချင်လဲဆိုတော့ သတင်းပေးတိုင်ကြားမှုကို အလိုချင်ဆုံး ဖြစ်ပါတယ်။ ပြည်သူများ ပူးပေါင်းပါဝင် သတင်းပေးမှ မှုခင်းတွေကို အမြန်ဆုံးဖော်ထုတ်နိုင်မှာဖြစ်တယ်။” လို့ ပြောပါတယ်။

မြို့ပေါ်ရပ်ကွက်တွေမှာ ဆိုင်ကယ်ပျောက်ဆုံးမှု၊ လူနေအိမ်တွေအတွင်း ပစ္စည်းတွေ ဝင်ရောက်ခိုးယူမှု၊ အမျိုးသမီးတွေ ဝတ်ဆင်ထားတဲ့ ဆွဲကြိုးတွေ ဖြတ်ပြေးတာတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ ကျိုက်လတ်မြို့နေ ဦးဆန်းအောင်က ပြောပါတယ်။

ကျိုက်လတ်မြို့နယ်မှာ လူဦးရေ ၁၉၄၇၄၂ ယောက်ရှိပြီး ပြည်သူ ၁၁၆၅ ဦးကို ရဲတပ်ဖွဲ့ဝင်တယောက်က စောင့်ကြည့်ပြီး ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်နေရတယ်လို့ ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ခင်ဇော်မြင့်က ပြောပါတယ်။

ဧရာဝတီတိုင်း ဖျာပုံခရိုင်အတွင်း မကြာခဏ ဆိုင်ကယ် အခိုးခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Tags: မှုခင်းဧရာဝတီတိုင်း

  • Previous story မီးပျက်မည်ဖြစ်၍ အောင်ဘာလေထီ သတ်မှတ်ချိန်ထက် စောဖွင့်
  • Next story ပဲခူးတိုင်း အစိုးရရုံးရှေ့တွင် တနေ့တည်း နှစ်ကြိမ် ဆန္ဒထုတ်ဖော်
  • Facebook

    Facebook

    Jobs at DVB

    Ethnic

    သုတကဖေး

    DVB SMS

  • သတင်းဓာတ်ပုံ

    • gallery

      ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် သိပ္ပံပွဲခင်းကျင်းပနေ

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 ဂျီနိုစိုက်အရေး အဖြေရှာတွေ့ပြီ 
    • 02 ICJ တရားရုံးတွင် ပါမောက္ခ မစ္စ ဖိုဘီအိုကိုဝါ၏ ထွက်ဆိုချက်
    • 03 ဝီဂါကလေးများကို အကြမ်းဖက်တိုက်ခိုက်နည်း သင်တန်းပေး (ရုပ်သံ)
    • 04 လူမျိုးတုံးသတ်ဖြတ်ခြင်းမရှိဟု ICJ တရားရုံး၌ ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲ
    • 05 ကြားဖြတ်တားဆီးမိန့်ချမှတ်ပေးရန်  ICJ ထံ ဂမ်ဘီယာနိုင်ငံ၏ ပန်ကြားချက် (၅) ချက် 
    • 01 ရင်ဖွင့်စာ
    • 02 မလေးရှား သွားမည့်  ဘင်္ဂါလီ ၈ ဦးကို မော်လမြိုင်တွင် ဖမ်းမိ
    • 03 မီးရှို့သတ်ခံရသည့် အမျိုးသမီးအရေး နယူးဒေလီတွင် ချီတက်ဆန္ဒပြ
    • 04 ရသေ့တောင်တွင် တပ်မတော်နှင့်အေအေ နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်၊ ဒေသခံများ ထွက်ပြေး
    • 05 နယူးဇီလန်တောင်ပိုင်း အရေးပေါ်အခြေအနေ ထုတ်ပြန်၊ ကမ်းပါးတခု ကြောက်မက်ဖွယ်ပြိုကျ (ရုပ်သံ)
    • 01 မလေးရှား သွားမည့်  ဘင်္ဂါလီ ၈ ဦးကို မော်လမြိုင်တွင် ဖမ်းမိ
    • 02 ရင်ဖွင့်စာ
    • 03 ဟုမ္မလင်းအနီး အင်အားအနည်းငယ်ရှိသည့် ငလျင်လှုပ်
    • 04 ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းဖွံ့ဖြိုးရေး စုပေါင်းကြိုးပမ်းရန် သမ္မတ တိုက်တွန်း
    • 05 လက်ဘနွန်လုံခြုံရေးတပ်ဖွဲ့က ဆန္ဒပြသူများကို မျက်ရည်ယိုဓာတ်ငွေ့ဖြင့် ဖြိုခွဲ
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.