အရှေ့ဘက်က ရွေ့လာတဲ့ လေပွေလှိုင်းတွေရဲ့အရှိန်ကြောင့် နိုဝင်ဘာ ၁၃ ရက်မွန်းတည့်ကနေ သုံးရက်အတွင်းမှာ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းနဲ့ ရှမ်း၊ ရခိုင်၊ ကယားနဲ့ ကရင်ပြည်နယ်တွေမှာ နေရာကွက်ကျားကနေ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့ မြန်မာနိုင်ငံ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ “အချိန်အခါမဟုတ် မိုးရွာမည့် သတိပေးချက်” ထုတ်ပြန်ပါတယ်။
မြန်မာကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းတွေ တိုက်ခတ်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်တဲ့အကြောင်းနဲ့ မိုးသက်လေပြင်း တိုင်ခတ်စဉ် ရေပြင်/မြေပြင်လေသည် ၁ နာရီ ၃၅ မိုင်အထိ တိုတ်ခတ်နိုင်တယ်လို့ သတိပေးချက်က ဆိုပါတယ်။